အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ လောင်းလုံးမှာ ဆက်တိုက်လှုံ့ဆော်
အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ လောင်းလုံးမှာ ဆက်တိုက်လှုံ့ဆော်
ရုပ်သံ - လောင်းလုံးမြို့နယ် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ
အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မယ့်အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့လှုံ့ဆော်တဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှုကို ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ဒီနေ့ည ပြုလုပ်ခဲ့ပါတယ်။
လောင်းလုံးမြို့နယ်ဟာ တနင်္သာရီတိုင်းမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အကြမ်းမဖက်လူထုလှုပ်ရှားမှုအားအကောင်းဆုံးမြို့နယ်ဖြစ်ပြီး ပြီးခဲ့တဲ့အပတ်ကစလို့ အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ဖို့ ဆက်တိုက်လှုံ့ဆော်နေတာဖြစ်ပါတယ်။
The Tanintharyi Times
