စစ်‌ကောင်စီတပ်သားတစ်ဦးရဲ့ အသုဘကိုလာတဲ့ စစ်တပ်ကား မိုင်းဆွဲခံရ

စစ်‌ကောင်စီတပ်သားတစ်ဦးရဲ့ အသုဘကိုလာတဲ့ စစ်တပ်ကား မိုင်းဆွဲခံရ

စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးခန့်လိုက်ပါလာတဲ့ စစ်တပ်ကားငယ်တစ်စီး သရက်ချောင်းမြို့နယ်၊ သဲချောင်းကြီးရွာမှာ လွန်ခဲ့တဲ့ လေးရက်က မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အခုလ ၂၀ ရက်နေ့က သဲချောင်းကြီးရဲစခန်းမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်သားတစ်ဦးရဲ့ အသုဘကို လာတဲ့အချိန် မိုင်းဆွဲတိုက်ခိုက်ခံရတာ လို့ ဆိုပါတယ်။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အပြန်အလှန်ပစ်ခတ်မှု မိနစ်အနည်းငယ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်မှာ ထိခိုက်၊ သေဆုံးမှုကို အတိအကျမသိရပေမဲ့ ပေါက်ကွဲမှုဖြစ်တဲ့နေရာမှာတော့ သွေးကွက်တွေ ကျန်ခဲ့တာကိုတွေ့ခဲ့ရတယ်လို့ မစ်ရှင်မှာပါဝင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးရဲ့ပြောပြချက်ကို ကိုးကားပြီး ဒေသခံတစ်ဦးက ပြန်ပြောပြပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အသုဘကာလအတွင်းမှာ လူနာတင်ယာဉ်တွေကို အသုံးပြုကာ ဝင်ထွက်သွားလာခဲ့ကြတယ်လို့ သိရပါတယ်။

The Tanintharyi Times