စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေသေဆုံးနေချိန် ထိုင်း လေတပ်ဦးစီးချုပ် နေပြည်တော်ကိုအလည်အပတ်ရောက်နေ

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေသေဆုံးနေချိန် ထိုင်း လေတပ်ဦးစီးချုပ် နေပြည်တော်ကိုအလည်အပတ်ရောက်နေ

စစ်အုပ်စုက အရပ်သားတွေကိုပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေချိန်မှာ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul ဟာ နေပြည်တော်ကို အအလည်အပတ်ခရီးစဉ်အဖြစ်ရောက်ရှိနေပြီး စစ်အုပ်စု လေတပ်အကြီးအကဲနဲ့တွေ့ဆုံခဲ့ပါတယ်။

အရပ်သားတွေကို လေကြောင်းတိုက်ခိုက်မှု ကျူးလွန်ရာမှာ တာဝန်ရှိသူတစ်ဦး ဖြစ်တဲ့ မြန်မာစစ်ကောင်စီ ရဲ့ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်ရဲ့ ဖိတ်ကြားချက်အရ ထိုင်း လေတပ်ဦးစီးချုပ် ဟာ မြန်မာ နိုင်ငံကို အလည်အပတ်ရောက်ရှိနေတာဖြစ်ပြီး တခြားထိုင်းလေတပ်အရာရှိတွေလည်း ခရီးစဉ်မှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စု လေတပ်ကာကွယ်ရေး ဦးစီးချုပ်နဲ့ ထိုင်း လေတပ်ဦးစီးချုပ်တို့ ဟာ နှစ်နိုင်ငံလေတပ်အချင်းချင်း သင်တန်းသား စေလွှတ်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံလေတပ်နှစ်ရပ်အကြား ဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန်စေရေးဆိုင်ရာကိစ္စရပ်များ၊နဲ့ နည်းပညာအချက် အလက်ဖလှယ်ရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ လေတပ် ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ရခိုင်ပြည်နယ် ၊ ကရင်နီပြည်နယ် ၊ စစ်ကိုင်းတိုင်း ၊ ချင်းပြည်နယ် ၊ ကရင်ပြည်နယ်တွေ မှာအရပ်သားတွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ကကလည်း ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ဝေလူးကျေးရွာက လူနေထူထပ်တဲ့ ရွာအလယ် ကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်နှစ်စီး ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၈) ဦး အပါအဝင် ပြည်သူ (၁၁) ဦးသေဆုံးခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ ၁၂ ရက်နေ့ နဲ့ ၁၄ ရက်နေ့တွေမှာလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် မှာ အကြမ်းဖက်စစ်အုပ်စုလေတပ်က ဂျက်ဖိုက်တာ နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် အရပ်သား ၁၇ ဦးသေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီးဌာန ကထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က စက်တင်ဘာလ အတွင်းထုတတ်ပြန်တဲ့ စစ်တမ်းတစ်ခုအရ အာဏာသိမ်းယူထားတဲ့ နှစ်နှစ်အတွင်း စစ်အုပ်စုက လေကြောင်းတိုက် ခိုက်မှုကြောင့် ၃၆၈ ယောက် သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ ၂၄၆ ယောက်နဲ့ သေဆုံးမှု အများဆုံးဖြစ်တယ်။

အရပ့်သားစာရင်းတွေ ဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာလ အထိသာ ဖြစ်ပြီး တိုက်ပွဲတွေပြင်းထန်နေတဲ့ အောက်တိုဘာ လ နဲ့ နိုဝင်ဘာလ တွေပိုမိုများပြားလာနိုင်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် အရပ်သားတွေ အစုအလိုက် အပြုံသေဆုံး ခဲ့ရတဲ့ ဖြစ်စဉ်တွေဟာ လည်း ၂၀၂၂ ခုနှစ် နဲ့ ၂၀၂၃ ခုနှစ်တွေမှာအများအပြား ဖြစ်ပွားခဲ့ပါတယ်။

၂၀၂၃ ခုနှစ်ဧပြီလ မှာ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်တွေက လေကြောင်းကနေ ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လူ ၁၇၀ ကျော် သေဆုံးခဲ့ရပါတယ်။

စစ်ကောင်စီတပ်က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက အနန့်ပါရွာကို ၂၀၂၂ ခုနှစ် အောက်တိုဘာလတိုက်လေယာဥ်နဲ့ ဗုံးတွေ ကြဲချခဲ့တာကြောင့် လူပေါင်း ၇၀ နီးပါးသေဆုံးခဲ့ပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲက လက်ယက်ကုန်း နဲ့ ရင်ပေါင်တိုင်ကျေးရွာတို့မှာ ၂၀၂၂ စက်တင်ဘာလနဲ့ သြဂုတ်လက တိုက်ခိုက်ခဲ့တဲ့ တိုက်ခိုက်မှုကြောင့်လည်း လူ ၃၀ နီးပါး သေဆုံးခဲ့ရပါတယ်။

connect burma

The Tanintharyi Times