ရုရှားတွေကို သမိုင်းပြန်သင်ပေးတဲ့ ယူကရိန်းကျောင်းဆရာ
ရုရှားတွေကို သမိုင်းပြန်သင်ပေးတဲ့ ယူကရိန်းကျောင်းဆရာ
ကျောင်းသားတွေဟာ ကွန်မြူနစ်ပါတီကထုတ်တဲ့ “ပရာဗဒါ”သတင်းစာကိုပဲ ဖတ်ခွင့်ရှိကြပါတယ်။ ခန္တာကိုယ်ဖိုင့်ဖိုင့်၊ မုတ်ဆိတ်မွှေးဖြူဖြူတွေနဲ့ ဗိုင်တာလီဟာ သမိုင်းဆိုတာ နိုင်ငံရေးလက်နက်လို့ ကောင်းကောင်းကြီးနားလည်သူပါ။ ယူကရိန်းလူမျိုးဆိုတာ မရှိခဲ့ဘူး၊ နိုင်ငံဆိုတာလည်း မရှိခဲ့ဘူး၊ ယူကရိန်းနယ်မြေဟာ ရုရှားရဲ့လက်အောက်ခံလို့ ရုရှားတွေကဆက်တိုက်ဝါဒဖြန့်ချိ ခဲ့ကြပါတယ်။ “လူတွေက ကိုယ့်သမိုင်းကိုကိုယ်မသိကြဘူးဗျ။ ဒါလည်း သဘာဝပါပဲ။ ဒါပေမယ့် ဒီရုရှားနဲ့ စစ်ပွဲကတော့ ရိုးရိုးသားသား မသိနားမလည်မှု မဟုတ်ဘူး။ သမိုင်းကို လက်နက်အဖြစ်အသုံးချတာ” လို့ ဗိုင်တာလီက မှတ်ချက်ချပါတယ်။
The Tanintharyi Times
