လားရှိုးမှာ စစ်ကောင်စီတပ်က အရာရှိတွေအပါအဝင်တပ်ဖွဲ့ဝင် ၃၁၇ ဦး MNDAAထံလက်နက်ချ

လားရှိုးမှာ စစ်ကောင်စီတပ်က အရာရှိတွေအပါအဝင်တပ်ဖွဲ့ဝင် ၃၁၇ ဦး MNDAAထံလက်နက်ချ

မင်းအောင်လှိုင်စစ်တပ်ကို ပြန်တိုက်လိုကြောင်းအလင်းဝင် လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပြော

လားရှိုးမြို့ အခြေစိုက်စစ်ကောင်စီတပ်တွေ က အရာရှိတွေ အပါအဝင် တပ်ဖွဲ့ဝင် သုံးရာကျော်ဟာကိုးကန့်တပ် MNDAA ထံမှာ လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ ဒီနေ့ထုတ်ပြန်ပါတယ်။

လားရှိုးက စစ်ကောင်စီတပ်တွေမှာဝန်ထမ်းဆောင်နေတဲ့ ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၅ ဦးတို့ ဦးဆောင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ဖွဲ့ဝင် ၃၁၇ ဦးဟာ ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီ အချိန်မှာ အလင်းဝင်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင်အရာရှိတွေ နဲ့ တပ်သားတွေဟာ မင်းအောင်လှိုင်စစ်တပ်ကို ပြန်လည်တိုက်ထုတ်ဖို့အလိုရှိနေပြီး MNDAAတပ် မှာပါဝင်ခွင်ပေးဖို့တောင်းဆိုတာတွေ ရှိနေတယ်လို့ MNDAA ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။

MNDAAနိုင်ငံရေးဌာနရဲ့ ရှေ့တန်းလုပ်ငန်းအဖွဲ့ ကတာဝန်ရှိသူတွေကလက်နက်ချအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို လက်ခံထားရှိပြီး သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို အာမခံတယ်လို့ လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီအရာရှိတွေ အပါအဝင် တပ်သား ၃၁၇ ဦးလက်နက်ချမှု နဲ့ တော်လှန်ရေးတိုက်ပွဲတွင် ပါဝင်လိုသည့်ဆန္ဒကို ကြိုဆိုတယ်လို့ လည်း MNDAA က ဆိုပါတယ်။

MNDAA ရဲ့ စစ်သုံ့ပန်းများအတွက် ဦးစားပေး ကုသရေး မူဝါဒအရ လက်နက်ချလာတဲ့ စစ်ကောင်စီတပ်သားတွေ နဲ့ ဝန်ထမ်းတွေ ကို အချိန်မီဆေးဝါးကုသမမှုတွေလုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

လက်နက်ချအညံ့ ခံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေဆီ လက်နက်ခဲယမ်းအများ အပြား ရရှိခဲ့တယ်လို့လည်း MNDAA ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

Connect Burma

The Tanintharyi Times