လောင်းလုံးက ပျူစောထီးခေါင်းဆောင်တစ်ဦးပိုင်တဲ့ ဆိုင်ရဲ့ အရက်နဲ့ဘီယာတွေကို PDF ဖျက်ဆီး
လောင်းလုံးက ပျူစောထီးခေါင်းဆောင်တစ်ဦးပိုင်တဲ့ ဆိုင်ရဲ့ အရက်နဲ့ဘီယာတွေကို PDF ဖျက်ဆီး
ရုပ်သံ - လောင်းလုံးPDF
လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာက ပျူစောထီးခေါင်းဆောင်တစ်ဦးရဲ့ အရက်ဆိုင်မှာ ရောင်းချမဲ့ အရက်နဲ့ဘီယာတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖျက်ဆီးလိုက်တယ်လို့သတင်းထုတ်ပြန်ပါတယ်။
ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးချစ်စမ်းမောင်ရဲ့ ဆိုင်အတွက် သယ်လာတဲ့ အရက်နဲ့ဘီယာတွေကို လောင်းလုံးမြို့နယ်လမ်းပိုင်းတစ်နေရာမှာ တာဆီးပြီး ဖျက်ဆီးလိုက်တာလို့ သိရပါတယ်။
အဲဒီပျူစောထီးခေါင်းဆောင်ဟာ ကျောက်နီမော်ကျေးရွာမှာ တပည့်အများအပြားနဲ့အတူနေထိုင်ပြီး လက်နက်ကိုင်ဆောင်ထားတဲ့သူတစ်ယောက်ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးထား ပါတယ်။
လောင်းလုံးမြို့နယ်အတွင်းမှာ ဇူလိုင်လ ၁၆ရက်နေ့ကစပြီး စစ်ကောင်စီတပ်သားတစ်ဦးအပါအဝင်၊ စစ်ကောင်စီသတင်းပေးနဲ့ ပျူစောထီးဆိုသူ ၆ ဦးအထိ သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။
The Tanintharyi Times
