လောင်းလုံးမြို့ပေါ်က လဝကရုံးပစ်ခံရ၊ အရာရှိအပါအဝင် နှစ်ဦးသေဆုံးတယ်လို့ သတင်းထွက်နေ

လောင်းလုံးမြို့ပေါ်က လဝကရုံးပစ်ခံရ၊ အရာရှိအပါအဝင် နှစ်ဦးသေဆုံးတယ်လို့ သတင်းထွက်နေ

လောင်းလုံးမြို့ပေါ်က လဝကရုံး၊ စရဖရုံး နဲ့ ရဲစခန်းတို့ကို ဒီနေ့မွန်းတည့်ပိုင်းမှာ တပြိုင်တည်းလာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

အခုမွန်းတည့် ၁၂ နာရီဝန်းကျင်လောက်မှာ သေနတ်နဲ့လာရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ပြန်လည်ရမ်းသမ်းပစ်ခတ်တာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

“လဝကရုံးနဲ့ စရဖရုံးကကပ်နေတာ။ နှစ်နေရာလုံးကိုပစ််တယ်လို့ထင်တယ်။ စရဖရုံးထဲကလည်း သေနတ်တွေပြန်ပစ်တယ်” လို့မြို့ခံတစ်ဦးကပြောပါတယ်။

အခုပစ်ခတ်မှုကြောင့် လဝကရုံးက အကြီးတန်းအရာရှိတစ်ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့သလို ရုံးမှာရှိနေတဲ့အရပ်သားတချို့လည်း ထိခိုက်မှုရှိခဲ့တယ်လို့ မြို့ခံကဆိုပါတယ်။

အဲဒီအပေါ်မှာသီးခြားအတည်ပြုနိုင်သေးသလို ထိခိုက်မှုအသေးစိတ်ကိုလည်း စုံစမ်းနေဆဲဖြစ်ပါတယ်။

ဒါ့အပြင်ထွေအုပ်ရုံးနဲ့ ရဲစခန်းဘက်ကိုလည်းဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်တာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်

အခုပစ်ခတ်မှုကိုဘယ်အဖွဲ့ကလုပ်​ဆောင်ခဲ့တယ်ဆိုတာကိုတော့မသိရသေးပါဘူး။

လက်ရှိမှာတော့ လောင်းလုံးမြို့ပေါ်မှာ စစ်ကောင်စီဘက်ကစစ်ဆေးတာတွေပြုလုပ်နေတယ်လို့သိရပါတယ်။

လောင်းလုံးမြို့နယ်အတွင်းက နယ်မြေရဲစခန်းတွေ၊ ပျူစောထီးစခန်းတွေမကြာခဏ ဝင်ရောက်တိုက်ခိုက်ခံရတာနဲ့ သိမ်းပိုက်ခံရတာတွေရှိပေမယ့် မြို့ပေါ်ကရုံးတွေပစ်ခတ်ခံရတာကတော့ ပထမဆုံးအကြိမ်​ဖြစ်ပါတယ်။

The Tanintharyi Times