စစ်ကောင်စီတပ်သားတစ်ဦးနဲ့ ပျူစောထီးအဖွဲ့ဝင်ဆိုသူတစ်ဦး လောင်းလုံးမှာ ပစ်သတ်ခံရ
စစ်ကောင်စီတပ်သားတစ်ဦးနဲ့ ပျူစောထီးအဖွဲ့ဝင်ဆိုသူတစ်ဦး လောင်းလုံးမှာ ပစ်သတ်ခံရ
စစ်ကောင်စီတပ်သားတစ်ဦးနဲ့ ပျူစောထီးအဖွဲ့ဝင်ဆိုသူတစ်ဦးတို့ကို လောင်းလုံးမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ DGRFအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
သေဆုံးသူ စစ်ကောင်စီတပ်သားဟာ အမှတ် (၁၀၄) ခြေလျင်တပ်ရင်းက တပ်သား ဦးကျော်အေးဆိုသူ ဖြစ်ပြီး ဖွားဘုတ်ပြင်ကျေးရွာနဲ့ စွန်တောင်ပေါ်ကျေးရွာကြားမှာ ဇူလိုင်၁၈ရက် ညနေပိုင်းက ပစ်သတ်ခံခဲ့ရတာပါ။
သူဟာတော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူတွေကို ထောက်လှမ်းတဲ့တာဝန်ကို ယူထားသူတစ်ဦးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နောက်တစ်ရက် ဇူလိုင် ၁၉ရက်မှာတော့ လက်နက်ကိုင်ပျူစောထီးအဖွဲ့ဝင်ဆိုသူ ဦးဇော်လတ်(ခ) နော်ဗလ္လောက်ကို ကရင်ကြီးကျေးရွာမှာ ပစ်သတ်ခဲ့ပါတယ်။
ဦးဇော်လတ်ဟာ စစ်ကောင်စီအားကိုးနဲ့အပြစ်မဲ့ပြည်သူတွေအပေါ် ရာဇဝတ်မှုကျူးလွန်သူဖြစ်ကြောင်းနဲ့ PDFစခန်းသိမ်းစစ်ကြောင်းတွေမှာ လိုက်ပါလမ်းညွန်နေသူဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
သူတို့ကို Dawei Guerrilla Revolutionary Force အဖွဲ့၊ LaungLone People Defense Force အဖွဲ့ နဲ့ T – PDF အဖွဲ့တို့ ပူးပေါင်း ရှင်းလင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။
The Tanintharyi Times
