မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ PDF တွေလိုက်ပါလာတဲ့ကား တိုက်ခိုက်ခံရလို့ ၁၂ ဦးကျဆုံး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ PDF တွေလိုက်ပါလာတဲ့ကား တိုက်ခိုက်ခံရလို့ ၁၂ ဦးကျဆုံး

PDF

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလိုက်ပါလာတဲ့ ဖောကားတစ်စီးတိုက်ခိုက်ခံရလို့ ၁၂ ဦးကျဆုံးခဲ့တယ်လို့ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြထားပါတယ်။

ဒီနေ့ မနက်ပိုင်းက ပုသိမ်-မုံရွာလမ်း မဲဇလီတံတားမှာ စစ်တပ်ရဲ့ ဗိုလ်မှူး မင်းပိုင်စိုးအဖွဲ့က စစ်ဆေးစဉ် ပစ်ခတ်မှုဖြစ်ပြီး အပြန်အလှန် ပစ်ခတ်ကြတယ်လို့သိရပါတယ်။

အပြန်အလှန်ပစ်ခတ်မှုကြောင့် ကားပေါက်ကွဲပျက်စီးခဲ့ပြီး ကားပေါ်ပါလာတဲ့ PDF ၁၂ ဦးကျဆုံးကာ ၃ ဦး မှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ဒဏ်ရာတွေနဲ့အဖမ်းခံခဲ့ရတယ်လို့သိရပါတယ်။

ကားပေါ်မှာပါလာတဲ့ လက်နက် ၂၅ လက်အနက် ၁၉ လက်ပျက်စီးသွားခဲ့ပြီး စစ်တပ်နဲ့ရဲတွေက အလောင်းနဲ့လက်နက်တွေကိသိမ်းဆည်းထားတယ်လို့ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ဖော်ပြချက်အရသိရပါတယ်။

The Tanintharyi Times