ကလုံးထာရွာက စစ်ဘေးရှောင်ပြည်သူတချို့ ရိက္ခာပြတ်နေကြပြီ

ကလုံးထာရွာက စစ်ဘေးရှောင်ပြည်သူတချို့ ရိက္ခာပြတ်နေကြပြီ

ပုံ - ရေဖြူမြို့နယ်က စစ်ဘေးရှောင်ပြည်သူတချို့ (ပုံဟောင်း ဖြစ်ပါတယ်။)

သြဂုတ်လ (၁၄) ရက်နေ့ကတည်းကစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ရေဖြူမြို့နယ်၊ ကလုံးထာရွာက ဒေသခံပြည်သူတွေ ရိက္ခာပြတ်လပ်မှုကြုံနေရတာတွေ ရှိနေပြီလို့ ရွာခံတွေကပြောပါတယ်။

ကလုံးထာရွာက လူဦးရေ (၇၀၀) လောက်ရှိတဲ့ရွာပါ။ အခုလိုစစ်ကြောင်းထိုးတာတွေ ရှိလာတဲ့အခါမှာ ရွာသားတွေဟာ ရွာဘုန်းကြီးကျောင်းနဲ့ နီးစပ်ရာတောတွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေကြသလို တချို့ကတော့ တခြားရွာတွေကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတာ တစ်ပတ်ရှိလာပြီ ဖြစ်တဲ့အတွက် နီးစပ်ရာတောတွေထဲ စစ်ရှောင်နေရသူတွေဟာ ရိက္ခာပြတ်လပ်တဲ့ အခြေအနေတွေ ရှိလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီလို ရိက္ခာပြတ်လပ်နေပေမဲ့လည်း ကိုယ့်အိမ်ကို ပြန်မသွားရဲတဲ့အခြေအနေကလည်း ရှိနေပါတယ်။

ကလုံးထာရွာစာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အသက် (၁၈) နှစ်အရွယ် လူငယ်လေးတစ်ဦးကို သြဂုတ်လ (၁၆) ရက်နေ့ကပဲ ပစ်သတ်ထားတာပါ။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သြဂုတ်လ(၁၂) ရက်ကစပြီး ရေဖြူမြို့နယ်ထဲကရွာတွေကို စစ်ကြောင်းထိုးတာ၊ ကင်းပုန်း ဝတ်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ အစရှိတဲ့ စစ်ရေးလှုပ်ရှားမှုတွေ စတင်လုပ်ဆောင်လာခဲ့တာ အခုအချိန်အထိပဲ ဖြစ်ပါတယ်။

The Tanintharyi Times