ဒီပွဲမှာ သားပါဖြစ်မယ် အမေ
ဒီပွဲမှာ သားပါဖြစ်မယ် အမေ
အမေပြောခဲ့ဖူးတယ်
ခေါင်းပေါ်မှာ တဝီဝီပျံနေတဲ့ ပုဇဉ်းကောင်တွေက
သိပ်ကြောက်စရာကောင်းတာပဲတဲ့
အသွေးအသားတွေကို တစ်စစီဖြစ်စေတယ်တဲ့
သိပ်မှတ်မိတာပေါ့အမေရယ်
တဝီဝီသံကြားရင် အမေ့ခါးကိုဖက်
အိမ်အောက်က ဗုံးခိုကျင်းထဲ တစ်နေကုန်ဝပ်နေရတာတွေ
အမေ့လက်ကိုဆွဲ ပြေးလွှားခဲ့ရတဲ့ မြင်ကွင်းတွေ
ငြိမ်းပန်
(အပြည့်အစုံကို Podcast မှာ နားဆင်နိုင်ပါတယ်)
The Tanintharyi Times
