ပုံမှန် ဘဝသစ်
ပုံမှန် ဘဝသစ်
ကိုဗစ်ကာလတုန်းက လူတွေပြောပြောနေကြတဲ့ New Normal ဆိုတာ ဒါမျိုးကို ပြောတယ် ထင်ပါရဲ့။ အခု ကျနော့်ရဲ့ New Normal ထဲမှာဆိုရင် ပုခက်နဲ့မှ အိပ်ပျော်တော့တာမျိုး၊ အိပ်ခါနီး ထင်းရှာ မီးပုံ ပုံပြီးမှ နွေးနွေးထွေးထွေးအိပ်ရတာမျိုး၊ အိပ်ခါနီး ကြယ်ကြွေတာ၊ လေယာဥ်တွေဖြတ်သွားတာ၊ ပိုးစုန်းကြူးတွေ ပျံနေတာကို မျက်လုံးမမှိတ်ခင်အချိန်အထိ မြင်နေရတာမျိုး အဲဒါတွေပါမယ်ထင်တယ်။
The Tanintharyi Times
