ဘာသာရေးမှိုင်းတွေ တိုက်ချွတ်ဆေးကြောရမယ့် အချိန်တန်ပြီ

ဘာသာရေးမှိုင်းတွေ တိုက်ချွတ်ဆေးကြောရမယ့် အချိန်တန်ပြီ

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများလောကမှာ ရယ်စရာဟာသလိုလိုနဲ့ ရေပန်းစားလာတဲ့ စကားတစ်ခွန်းရှိပါတယ်။

“ဘုန်းကြီးတွေအတွက် ပစ္စည်းလေးပါးဆိုတဲ့ စကားက မမှန်တော့ဘူး။ ပစ္စည်းခြောက်ပါးပြောမှ မှန်မယ်” တဲ့။ ကျန်တဲ့နှစ်ပါးက “ဖုန်းနဲ့ကား” ဆိုပဲ။

ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး အပြင် မိုဘိုင်းဖုန်းနဲ့ မော်တော်ကားဟာ ဘုန်းကြီးတွေအတွက် မရှိမဖြစ်လို ဖြစ်လာနေတာကို ဆိုလိုတာပါ။

လိုအပ်ချက်အရ သုံးကြ၊ စွဲကြတာကို မပြောလိုပေမယ့် ဇိမ်ခံကားကြီးတဝီဝီ၊ နောက်ဆုံးပေါ် ပန်းသီးတံဆိပ် ဖုန်းလေး တပြပြ၊ ခေတ်မီအသုံးအဆောင်မှန်သမျှ ဖြည့်တင်းထားတဲ့ နန်းတော်သမျှ ခမ်းနားလှတဲ့ မှန်စီရွှေချ ကျောင်းတော်ကြီးမှာ သီတင်းသုံးနေထိုင်ကြတာတွေကတော့ မေးခွန်းထုတ်စရာပဲ ဖြစ်ပါတယ်။ အခုဆိုရင် ဘုန်းကြီးကျောင်းတွေမှာ မီးခံသေတ္တာနဲ့ ဘဏ်စာအုပ်တွေကလည်း မရှိမဖြစ် ပစ္စည်းတစ်ခု ဖြစ်လာနေပါပြီ။

(အပြည့်အစုံကို Podcast မှာ နားဆင်နိုင်ပါတယ်)

ငြိမ်းပန်

The Tanintharyi Times