ပုလောPDF ရဲ့ ပထမဆုံး အထူးကွန်မန်ဒိုတပ်သားသင်တန်း ဆင်းပွဲကျင်းပ
ပုလောPDF ရဲ့ ပထမဆုံး အထူးကွန်မန်ဒိုတပ်သားသင်တန်း ဆင်းပွဲကျင်းပ
ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း -၁ ရဲ့ပထမဆုံးအထူးကွန်မန်ဒိုတပ်သားသင်တန်းဆင်းပွဲကို မနေ့ကကျင်းပခဲ့ပါတယ်။
ဒီသင်တန်းဟာ တနင်္သာရီတိုင်းအတွင်းမှာ ပထမဆုံး သင်တန်းဖြစ်ပြီး သင်တန်းမှာ တိုက်ခိုက်မှုစွမ်းရည်အပြင် စိတ်ပိုင်းဆိုင်ရာလေ့ကျင့်မှုတွေ၊ စမ်းသပ်မှုတွေကို အထူးအလေးပေး လေ့ကျင့်သင်ကြားခဲ့တယ်လို့သိရပါတယ်။
” သင်တန်းဆင်းပြီးသားပြည်သူ့ကာကွယ်ရေးတပ်သားတွေကိုပဲထပ်ပြီး အထူးတိုက်ခိုက်ရေးအတွက်သင်တန်းပေးတာပါ။ သင်တန်းကပေးတဲ့လေ့ကျင့်မှုက အရမ်းပြင်းထန်လို့ ကနဦးအယောက် ၆၀ မှာ ၂၀ ကျော်လောက်ကပဲအောင်မြင်ခဲ့ပါတယ်” လို့ပုလောPDFရဲ့တာဝန်ရှိသူကပြောပါတယ်။
သင်တန်းဆင်းပွဲကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် က သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
သင်တန်းဆင်းပွဲ အခမ်းအနားမှာ လက်မှတ်ပေးအပ်တာ၊ အလံတော်နမ်းတာ၊ သစ္စာရေသောက်တာ၊ ထူးချွန်သင်တန်းသားတွေကို ဆုချီးမြှင့်တာတွေပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။
အထူးကွန်မန်ဒို သင်တန်းတွေကို ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ - CNDFနဲ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော် PDF တို့ကလည်း ဖွင့်လှစ်သင်ကြားပြီး သင်တန်းဆင်းခဲ့တာတွေ ရှိပါတယ်။





The Tanintharyi Times
