ဘယ်လိုလုပ်ကြမလဲရှင့်တဲ့ အားနာမိတယ် ဒေါ်သန်းတင်ရယ်
ဘယ်လိုလုပ်ကြမလဲရှင့်တဲ့ အားနာမိတယ် ဒေါ်သန်းတင်ရယ်
ဒီနေ့အထိ ဖွင့်လှစ်ထားတဲ့ စစ်အာဏာရှင်လက်အောက်ခံကျောင်းတွေမှာ ကလေးတွေဆီ ပညာသင်ကြားပို့ချပေးနေတဲ့ Non-CDMတွေအနေနဲ့ ဒီဆောင်းပါးကို ကလေးတွေဆီ ဘယ်လိုသင်နည်းမျိုး ဘယ်လိုအတွေးမျိုး ဘယ်လိုခံယူချက်မျိုးတွေနဲ့များ ဆွေးနွေးပေးကြမလဲပေါ့။
ကျွန်တော်တို့ငယ်ငယ်က သင်ကြားခံခဲ့ရသလို စာမျက်နှာဘယ်လောက်ကို လှန်၊ ဘယ်အပိုဒ်ကနေ ဘယ်အပိုဒ်ထိ ဖတ်၊ ဆောင်းပါးအတွက် မေးခွန်းနဲ့ အဖြေတွေကို သင်ပုန်းမှာချရေပေး၊ ကလေးတွေက ကြည့်ကူးရေးဆိုတဲ့ ဉာဏ်ပိတ်သင်ကြားနည်းတွေနဲ့များ သင်လိုက်ကြမလား။ ဒီအတိုင်းသာဆိုရင်တော့ ကြောက်စရာပါပဲ။ ပြဋ္ဌာန်းထားတဲ့ ရည်ရွယ်ချက် အောင်မြင်ဖို့ ဝေးစွ။ အမှိုက်ပုံးထဲ နှာခေါင်းပိတ်ရှာရမယ့်ကိန်း။
The Tanintharyi Times
