တစစ မှုန်ဝါးပျောက်ကွယ်
တစစ မှုန်ဝါးပျောက်ကွယ်
တစ်ဦးနဲ့တစ်ယောက်ဆုံကြဖို့ ဆိုတဲ့ ‘ချိန်းဆိုမှု’ ဆိုတာမျိုးကတော့ အတိတ်ဖြတ်သန်းမှုဘဝထဲ ရှိခဲ့ဖူးတဲ့ စကားလုံးတစ်ခုအဖြစ် သေချာခြင်းကလွဲရင် ကျန်တာ ဘာမှမသေချာတော့တဲ့ စကားလုံးလို့တောင် ပြောရမလိုပါပဲ။
အစကတော့ အဲဒီခလုတ်လေး စပြီး နှိပ်မရတဲ့အချိန်တုန်းက စိတ်မှာ ဒုက္ခပါပဲလို့ အတွေးဖြစ်ရတယ်။ ဒါပေမဲ့ ခေတ်ကြီးဟာ ခိုအုပ်ထဲ ပစ်ကြဲချလိုက်တဲ့ ပြောင်းဖူးစေ့ခြောက်တွေလို အရာအားလုံးကို အပြန့်အကျဲ၊ တကွဲတပြား၊ ဖရို ဖရဲ၊ ဒယီးဒယိုင် ရှိသွားစေတဲ့အခါ တယ်လီဖုန်းသံတွေလည်း လှိုင်လှိုင်မြည်နေဦးမှာမဟုတ်သလို ငါးကောင်ရေ ဆိုပြီး သောင်စဉ်ရေမရ ခေါ်ယူပြောဆိုဖို့ လူတွေဆိုတာလည်း အချိန်အခါမကျ ရှိနေဦးမှာပဲလို့ စိတ်ဖြစ်ရင်း ‘ဒုက္ခပါပဲ လို့’ အတွေးဟာ ပျောက်ရတယ်။
The Tanintharyi Times
