စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲအတွက် ထားဝယ်မှာ စပြင်

စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲအတွက် ထားဝယ်မှာ စပြင်

ဓာတ်ပုံ - ရွေးကော်ကပြုလုပ်တဲ့ အစည်းအဝေး။(Photo - IPRD)

လာမယ့်နှစ်မှာကျင်းပမယ်လို့ စစ်ကောင်စီဘက်ကထုတ်ပြောထားတဲ့ ရွေးကောက်ပွဲအတွက် ထားဝယ်ခရိုင်မှာ ကြိုပြီးပြင်ဆင်မှုတွေပြုလုပ်နေပါတယ်။

ထားဝယ်ခရိုင်အတွက် မြေပြင်လူဦးရေစာရင်းစိစစ်တာနဲ့ မဲရုံတည်ဆောက်မယ့်နေရာလျာထားသတ်မှတ်တာတွေကို ညှိနိုင်းစီစဥ်တဲ့အစည်းအဝေးကို ဒီတစ်ပတ် အင်္ဂါနေ့ကကျင်းပခဲ့ကြပါတယ်။

အဲဒီအစည်းအဝေးမှာ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေက ဆောင်ရွက်ထားတဲ့ မြို့နယ်အလိုက်လျာထား မဲရုံ အခြေအနေတွေ၊ လျာထားမဲရုံတည်နေရာတွေ ၊ လူဦးရေနဲ့ မဲဆန္ဒရှင်အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

ဒါ့အပြင် ရေဖြူမြို့နယ်၊လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တွေက စစ်ကောင်စီ ရွေးကောက်ပွဲအရာရှိတွေကလည်း စက်တင်ဘာလကုန်အထိ လစဉ်စိစစ်ပြုစုထားတဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်အခြေအနေနဲ့ သူတို့စီစဥ်နေပုံကိုဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

အဲဒီမတိုင်ခင်ရက်ကလည်း ထားဝယ်မြို့နယ်အတွင်းက ရပ်ကွက်နဲ့ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ၊ ရပ်/ကျေးစာရေးတွေနဲ့ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေ တွေ့ဆုံပြီးညရွေးကောက်ပွဲအတွက် စီစဥ်ဆောင်ရွက်တာတွေကို ပြုလုပ်ခဲ့ကြပါသေးတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဗျူရို လက်ထောက်အတွင်းဝန် မစ္စမယ်လီဇာဘရောင်းကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေကိုဖြေရှင်းဖို့ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတဲ့ ဒီလုပ်ရပ်ဟာ စစ်တပ်အုပ်ချုပ်နေတဲ့ တိုင်းပြည်မှာ အကြမ်းဖက်မှုတွေ ပိုဖြစ်လာအောင် လှုံ့ဆော်ပေးရာကျတယ်လို့ ပြောဆိုထားပါတယ်။

NUGရဲ့ယာယီသမ္မဒူဝါလရှီးလကလည်း စစ်ကောင်စီရဲ့ ၂၀၂၃ ရွေးကောက်ပွဲကို မပျက်ပျက်အောင်ဖျက်မယ်၊ ဆန့်ကျင်မယ်၊ အသိအမှတ်မပြုဘူးဆိုထက်ကျော်လွန်စဥ်းစားမယ်လို့ အခုလ ၁၁ရက်နေ့ကကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာပြောထားပါတယ်။

The Tanintharyi Times