ပုလောမှာ စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရ၊ စစ်ကားမီးလောင်ပြီး ထိခိုက်မှုများ

ပုလောမှာ စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရ၊ စစ်ကားမီးလောင်ပြီး ထိခိုက်မှုများ

မြိတ်မြို့ကနေတက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ပုလောမြို့နယ်၊ ကဒဲကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပုလော PDFက သတင်းထုတ်ပြန်ပါတယ်။

နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ဒီကနေ့မနက် ၈ နာရီဝန်းကျင်က တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

ကား ၃ စီးပါ စစ်ကားစီယာဥ်တန်းကို ပထမဆုံး မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အပြန်အလှန်သေနတ်ပစ်ခတ်မှု မိနစ်အနည်းငယ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲခံရတာကြောင့် စစ်ကောင်စီကားတစ်စီးမီးလောင်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

” ဒီကောင်တွေဘက်က ထိခိုက်သေဆုံးမှုများတယ်။ အခုလက်ရှိတော့ အရေအတွက် အသေးစိတ်ကို ကျနော်တို့ မသိရသေးပါဘူး” လို့ ပုလော PDF တာဝန်ရှိသူက ပြောပါတယ်။

သွားရောက်တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း(၁)နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တို့ဘက်ကတော့ ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ဘူးလို့ တာဝန်ရှိသူကဆိုပါတယ်။

အခုလ ၁၅ ရက်နေ့ကလည်း နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပုလောကုန်းကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို နှစ်ကြိမ်သွားရောက်တိုက်ခိုက်ခဲ့ရာ ၂ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

The Tanintharyi Times