ကလုံးထာရွာမှာ စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သူဟာ ဒေသခံရွာသားဖြစ်နေ
ကလုံးထာရွာမှာ စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သူဟာ ဒေသခံရွာသားဖြစ်နေ
ရေဖြူမြို့နယ်၊ ကလုံးထာကျေးရွာထဲမှာ လွန်ခဲ့တဲ့ နှစ်ရက်လောက်က တွေ့ရှိခဲ့တဲ့အလောင်းဟာ ဒေသခံရွာသားတစ်ဦးရဲ့အလောင်းဖြစ်တယ်လို့သိရပါတယ်။
သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့သူဟာ ကလုံးထာရွာသားတစ်ဦးဖြစ်တဲ့ အသက် ၁၈နှစ်အရွယ် ကိုသန့်ဇင်ထွေးဖြစ််တယ်လို့ သိရပါတယ်။
သူဟာ လွန်ခဲ့တဲ့ ၄ရက် သြဂုတ်လ ၁၆ရက်နေ့ညနေပိုင်းက စစ်ကောင်စီတပ်သားတွေရှိနေတဲ့ကလုံးထာရွာစာသင်ကျောင်းရှေ့ကို ဆိုင်ကယ်နဲ့ဖြတ်သွားချိန် ပစ်သတ်ခံလိုက်ရတာလို့ သိရပါတယ်။
” လူတစ်ယောက်ပစ်သတ်ခံလိုက်ရတာကိုတော့ သိနေကြပေမယ့် ဘယ်သူဘယ်ဝါဆိုတာမနေ့ကမှ သေချာ အတည်ပြုနိုင်တာပါ။ အလောင်းကတော့လက်ရှိ ရွာမှာပဲရှိသေးတယ်။ ရေဖြူဘက်ကလာပြီး မီးသဂြိုဟ်မှာပါ”လို့ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်သားတွေရွာမှာပဲဆက်လက်ရှိနေကြပြီး အနီးအနားမှာလည်းတပ်ဖြန့်ထားတာမျိုးလည်းရှိတယ်လို့ သိရပါတယ်။
သြဂုတ်လ ၁၄ရက်နေ့ကစပြီး ကလုံးထာရွာအနီးကိုစစ်ကောင်စီတပ်သားတွေ အင်အားအလုံးအရင်းနဲ့ လက်နက်ကြီးတွေပစ်ခတ်ဝင်ရောက်လာတာဖြစ်ပြီး ၁၆ရက်နေ့နောက်ပိုင်းမှာတော့ ရွာထဲမှာတပ်စွဲတာ၊လက်နက်ကြီးပစ်ခတ်တာနဲ့ နေအိမ်အားလုံးနီးပါးကိုမွှေနှောက်ရှာဖွေဖျက်ဆီးတာတွေပြုလုပ်ခဲ့ကြပါတယ်။
ဒေသခံရွာသားတွေကတော့ တစ်ရွာလုံးနီးပါးနေအိမ်စွန့်ခွာထွက်ပြေးနေရပြီး ဘုန်းကြီးကျောင်းနဲ့ နီးစပ်ရာတောတွေ၊ ဥယာဥ်ခြံတွေထဲထဲမှာ သွားရောက်တိမ်းရှောင်နေရတယ်လို့သိရပါတယ်။
The Tanintharyi Times
