အကြမ်းဖက်တဲ့လား

အကြမ်းဖက်တဲ့လား

ဒီပဲယင်းမှာ လူရာချီ

ရိုက်သတ်ခဲ့ သူတွေက

ရွှေဝါရောင်မှာ သံဃာတွေကို

ကြိုးတုပ်ရိုက်နှက်ခဲ့သူတွေက

ကြေးနီတောင်မှာ သာသနိကတွေကို

မီးလောင်တိုက်သွင်းခဲ့ သူတွေက

စွမ်းအားရှင်မွေးလိုက် ပျူမွေးလိုက်နဲ့

ခေတ်ပြောင်းချင်လို့ ခေါင်းကိုပစ်သတဲ့

မြသွဲ့သွဲ့ခိုင် သွေးအိုင်ထဲ

လဲနေတာ မြင်ယောင်မိသေးတယ်။

မင်းကိုမတွေ့ရင် မင်းအမျိုးကိုဖမ်းမယ်

သေချင်တဲ့ကောင် လမ်းပေါ်ထွက်ခဲ့

ကြိမ်းလိုက်မောင်းလိုက် ခြိမ်းခြောက်လိုက်နဲ့

အိမ်တွေမီးရှို့ ရွာစဉ်ဗုံးကြဲ

မဲမဲမြင်ရင် အကုန်ပစ်သတ်

ခေါင်းဖြတ်နေသူတွေကပြောတယ်။

ခုခံသူတွေဟာ အကြမ်းဖက်တယ်တဲ့

သြော် လောကရယ် တရားကျတယ်ကွယ်။

The Tanintharyi Times