အီရန် သမ္မတ နဲ့ နိုင်ငံခြားရေးဝန်ကြီး ရဟတ်ယာဉ်ပျက်ကျမှု ကြောင့်သေဆုံးသွားပြီလို့ အတည်ပြု

အီရန် သမ္မတ နဲ့ နိုင်ငံခြားရေးဝန်ကြီး ရဟတ်ယာဉ်ပျက်ကျမှု ကြောင့်သေဆုံးသွားပြီလို့ အတည်ပြု

အီရန်သမ္မတ အီဘရာဟင်ရိုင်ဆီနဲ့ နိုင်ငံခြားရေးဝန်ကြီး တို့ဟာ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားပြီလို့ အီရန် အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ဒီကနေ့မှာ အတည်ပြုထုတ်ပြန်ပါတယ်။

အီရန်သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ အဆင့်အမြင့်အရာရှိတွေ လိုက်ပါလာတဲ့ရဟတ်ယာဉ် ဟာ တနင်္ဂနွေနေ့အစောပိုင်းက အီရန်နိုင်ငံထဲက East Azerbaijan ပြည်နယ်ထဲမှာ ရာသီဥတုဆိုးရွားနေတာကြောင့် ရဟတ်ယာဥ်ပျက်ကျသွားခဲ့တာလို့ အီရန်အစိုးရ သတင်းမီဒီယာကပြောပါတယ်။

ရဟတ်ယာဥ်ပေါ်မှာ သမ္မတ ရိုင်စီ ၊ နိုင်ငံခြားရေးဝန်ကြီး ဟော့စိန် အမိရာဘလိုလာဟီယန်းနဲ့ အခြားအရာရှိ ၂ ဦးတို့လိုက်ပါသွားခဲ့ကြတာဖြစ်ပါတယ်။

ရဟတ်ယာဉ် တစ်စီးလုံးမီးလောင်ပျက်စီးခဲ့တာကြောင့် လိုက်ပါလာသူအားလုံးသေဆုံးခဲ့တယ်လို့ အီရန် အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက သတင်းမီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။

“ပျက်ကျမှုမှာ သမ္မတ ရိုင်စီ လိုက်ပါသွားတဲ့ ရဟတ်ယာဉ်ဟာ လုံးဝ မီးလောင်သွားခဲ့ပါတယ်” အဆိုပါတာဝန်ရှိသူက ဆိုပါတယ်။

နှစ်နိုင်ငံနယ်စပ်က ရေကာတာစီမံကိန်းဖွင့်ပွဲအတွက် အဇာဘိုင်ဂျန်သမ္မတ နဲ့ သွားရောက်တွေ့ဆုံအပြီး အပြန်နှစ်နိုင်ငံနယ်စပ်အနီးမှာ ရဟတ်ယာဥ်ပျက်ကျသွားခဲ့တာပါ။

သမ္မတ ရိုင်စီဟာ ရေကာတာဖွင့်ပွဲအတွက် နယ်စပ်ကို သွားမယ်လို့ အီရန်အစိုးရသတင်းဌာနက စနေနေ့မှာကြေညာပါတယ်။

အသက် ၆၃ နှစ်အရွယ် အီရန်သမ္မတ ရိုင်အီဆီ ဟာ ၂၀၂၁ ခုနှစ်မှာ ဒုတိယအကြိမ်မြောက် သမ္မတ အဖြစ်ထပ်မံရွေးချယ်ခံရခဲ့ရသူဖြစ်ပြီး တင်းကျပ်တဲ့ ဘာသာစည်းမျဉ်းတွေ နဲ့ ကျင့်စာရိတ္တဆိုင်ရာ ဥပဒေတွေ ထုတ်ပြန်ခဲ့သူဖြစ်ပါတယ်။

ကိုးကား – ရိုက်တာ

( ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times