မိုင်းထောင်ထားတဲ့ မူးဒူးရွာ မိုင်တဲတာဝါတိုင်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ မီးရှို့ဖျက်ဆီး
မိုင်းထောင်ထားတဲ့ မူးဒူးရွာ မိုင်တဲတာဝါတိုင်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ မီးရှို့ဖျက်ဆီး
တာဝါတိုင်ပတ်လည်မှာ မြေမြှုပ် မိုင်းထောင်ထားတဲ့ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် မူးဒူးကျေးရွာက မိုင်တဲ တာဝါတိုင်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
နဘုလယ်ဒေသ၊ ထားဝယ်အထူးစီးပွားရေးဇုန်အနီး၊ မူးဒူးရွာမှာရှိတဲ့ မိုင်တဲတာဝါတိုင်ကို မတ်လ ၁၉ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ မီးရှို့ဖျက်ဆီးလိုက်တာလို့ဒေသခံတွေကပြောပါတယ်။
“တာဝါက မူလီနပ်တိုင်တွေကိုဖြတ်ပြီး တာဝါတိုင်ကိုကားနဲ့ဆွဲလှဲလိုက်တယ်။ လိုအပ်တဲ့ပစ္စည်းတွေကိုယူပြီးစက်တွေမီးရှို့ခဲ့တာ” လို့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
တာဝါတိုင်ပတ်လည်မှာ မြေမြှုပ်မိုင်းတွေထောင်ထားလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ သတိထားပြီးရှောင်ကွင်းဝင်ရောက်ခဲ့ရတယ်လို့ဆိုပါတယ်။
စက်ပစ္စည်းတွေကိုမီးရှို့ပြီးပြန်ထွက်လာချိန်မှာ မိုင်းတစ်လုံးထပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။
ဖေဖော်ဝါရီလ ၆ ရက်ကလည်း ထားဝယ်အထူးစီးပွားရေးဇုန်မှာရှိတဲ့ ရေနက်ဆိပ်ကမ်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။
The Tanintharyi Times
