မဲဆောက်မှာ မသေရုံတမယ်

မဲဆောက်မှာ မသေရုံတမယ်

ငတ်နေသမျှ တေးမှတ်ထားကြတယ်။ဗိုက်ပေါ်ပေါက်နေတဲ့ ဝဲခြောက်ကို ကုတ်ရင်း အရသာခံသလို လောကဓံကိုအရသာခံတတ်အောင် လေ့ကျင့်ရတယ်။ အခက်ကြီးထဲ ခက်ခက်ခဲခဲ ခုန်ချခဲ့သူတွေချည်းပဲ။ တော် လှန်ရေးမပြီးမချင်း ဒီအိမ်ရာထဲမှာ ကိုယ့်ဘဝကိုယ်ကျစ်ကျစ်ပါဆုပ်။

ဘာပဲဖြစ်ဖြစ် စစ်ကျွန်အောက်ကနေလွတ်မှ ကိုယ့်တိုင်းပြည်ပြန်ကြမယ်။ လောကဓံတွေ အထပ်လိုက်နဲ့ မဲဆောက်မှာ အနာဖေးတွေလည်း တစ်ထပ်ပြီး တစ်ထပ်ပဲ။ 

The Tanintharyi Times