မြိတ်တက္ကသိုလ် ကြားကာလယာယီအုပ်ချုပ်ရေးကောင်စီက ဖွင့်လှစ်တဲ့ Korean Language Level – 2 သင်တန်း လျှောက်ထားနိုင်ပြီ
မြိတ်တက္ကသိုလ် ကြားကာလယာယီအုပ်ချုပ်ရေးကောင်စီက ဖွင့်လှစ်တဲ့ Korean Language Level – 2 သင်တန်း လျှောက်ထားနိုင်ပြီ
မြိတ်တက္ကသိုလ် ကြားကာလယာယီအုပ်ချုပ်ရေးကောင်စီရဲ့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာနက စီစဉ်တဲ့ Korean Language Level – 2 သင်တန်းကိုတက်ရောက်လိုသူတွေ လျှောက်ထားနိုင်ပြီလို့ ဖိတ်ခေါ်ထားပါတယ်။
လျှောက်ထားလိုသူဟာ ကောင်စီက ပို့ချခဲ့တဲ့ ကိုးရီးယားဘာသာစကားသင်တန်း level – 1 နဲ့ ကိုရီးယားစာ Basic / Foundation + Level 1 တတ်မြောက်ပြီးသူ ဖြစ်ဖို့ လိုပါတယ်။
သင်တန်းကာလ (၄)လ ကြာမြင့်မှာ ဖြစ်ပြီး သင်တန်းပြီးဆုံးတဲ့အထိ တက်ရောက်နိုင်သူတွေသာ လျှောက်ထားဖို့ သတိပေးထားပါတယ်။
လျှောက်လွှာကို မနက်ဖြန် နိုဝင်ဘာ ၂၀ ရက် တနင်္ဂနွေနေ့ နောက်ဆုံးထား လျှောက်ထား ရမှာ ဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက်မှာ သင်တန်းစတင်မှာပါ။
လျှောက်ထားသူအနေနဲ့ မိမိတို့၏ Email တွေကို အချိန်မှီစစ်ဆေးပေးဖို့လည်း အသိပေးတိုက်တွန်းထားပါတယ်။
အောက်မှာ ဖော်ပြထားတဲ့ Google Form ကို ဝင်ရောက်ဖြည့်စွက် လျှောက်ထားနိုင်ပါပြီ။
Link: https://docs.google.com/…/1FAIpQLSc1p4759x0…/viewform…
The Tanintharyi Times
