ကလိန်အောင်မြို့မှာ လာရောက်တိမ်းရှောင်နေတဲ့ စစ်ကောင်စီသတင်းပေးဆိုသူ မိသားစုဝင် ၄ ဦးပစ်သတ်ခံရပြီးသေဆုံး

ကလိန်အောင်မြို့မှာ လာရောက်တိမ်းရှောင်နေတဲ့ စစ်ကောင်စီသတင်းပေးဆိုသူ မိသားစုဝင် ၄ ဦးပစ်သတ်ခံရပြီးသေဆုံး

ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အင်းပြားရွာ မှာ လာရောက်တိမ်းရှောင်နေတဲ့ စစ်ကောင်စီသတင်းပေးဆိုသူ မိသားစုဝင် ၄ ဦး မနေ့ညက ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။

သေဆုံးသူ ၄ ဦးမှာ အသက်၅၂နှစ်အရွယ် ဒေါ်တင်သိန်း၊ အသက်၆၂နှစ်အရွယ် ဦးလှသိန်း ၊အသက်၂၆နှစ်အရွယ် ကိုမင်းဝေဦး နဲ့ အသက်၁၅နှစ်အရွယ် ကိုဟိန်းထက်အောင် တို့ဖြစ်ကြတယ်လို့သိရပါတယ်။

“မနေ့ည ၉နာရီလောက်က သူတို့နေတဲ့ခြံထဲမှာပဲပစ်သတ်ခံလိုက်ရတာပါ။ အသက် ၅ နှစ်ဝန်းကျင်ကလေးငယ်တစ်ယောက်ကိုတော့ ဘာထိခိုက်ခိုက်ဒဏ်ရာမှမရစေဘဲ လွှတ်ပေးခဲ့တယ်” လို့ပြုလုပ်တဲ့အဖွဲ့နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

သေဆုံးသူတွေဟာ လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု ကရင်ကြီးကျေးရွာမှာနေထိုင်သူတွေဖြစ်ကြပြီး အင်းပြားရွာကို ပြောင်းရွှေ့လာတာဟာ သုံးလခန့်ရှိပြီဖြစ်တယ်လို့သိရပါတယ်။

“သူတို့က တစ်မိသားစုလုံးသတင်းပေးလုပ်ကြတာမျိုးပါ။ သူတို့ကြောင့် ဒုက္ခရောက်တဲ့သူတွေ ဖမ်းဆီးခံရတဲ့သူတွေမနည်းပါဘူး။ နှစ်ရှည်ထောင်ဒဏ်ကျခံနေရသူတွေလည်းရှိတယ် ” လို့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

အလောင်းတွေကိုတော့ ကလိန်အောင်မြို့ ရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။

အဲဒီပစ်ခတ်ရှင်းလင်းမှုကို ကလိန်အောင်မြို့ကဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ SPRlNG DHAMMA PDF ကပြုလုပ်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

The Tanintharyi Times