အမျိုးသမီးနဲ့ လူငယ်တွေ ဦးဆောင်ချီတက်လာတဲ့ လောင်းလုံးက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်
အမျိုးသမီးနဲ့ လူငယ်တွေ ဦးဆောင်ချီတက်လာတဲ့ လောင်းလုံးက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်
ဓာတ်ပုံ - ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(ထားဝယ်ခရိုင်) DDMSC
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အကြမ်းဖက်စစ်ကောင်စီ ပြုလုပ်မဲ့ အတုအယောင်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်၊ သပိတ်မှောက်သွားကြဖို့ တစိုက်မတ်မတ် ထုတ်ဖော်၊ ပြောဆိုနေတဲ့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)က လောင်းလုံးမြိုနယ်အတွင်းမှာ လူထုသပိတ်လှုပ်ရှားမှုတစ်ခု ဒီကနေ့ပြုလုပ်ခဲ့ပါတယ်။
နေ့လယ်ပိုင်းက စတင်ခဲ့တဲ့ အဆိုပါစစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုမှာ ဒေသခံ အမျိုးသမီးတွေ၊ လူငယ်တွေ၊ ကျောင်းသားတွေနဲ့ အလုပ်သမား၊ လယ်သမားအများအပြား ပူးပေါင်းပါဝင်ခဲ့ကြပြီး “ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်” ဘန်နာကိုကိုင်စွဲပြီး ချီတက်ခဲ့ကြပါတယ်။
The Tanintharyi Times
