◆ သေနတ်ဒဏ်ရာတွေနဲ့ စစ်ကောင်စီလက်က လွတ်လာတဲ့ ရဲဘော်မီးငှက်နဲ့ အင်တာဗျူး

◆ သေနတ်ဒဏ်ရာတွေနဲ့ စစ်ကောင်စီလက်က လွတ်လာတဲ့ ရဲဘော်မီးငှက်နဲ့ အင်တာဗျူး

"သူလာရင်တော့ရအောင်ခုခံမယ်၊ ခုခံလို့မရရင်တော့ ကိုယ့်ကိုကိုယ် အဆုံးစီရင်မယ်ပေါ့"

အရင်ကကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်တဲ့ ရဲဘော်မီးငှက်ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရေဖြူမြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေးအဖွဲ့ တခုမှာ ကျန်းမာရေးတာဝန်ခံအနေနဲ့ ရဲဘော်တွေ၊ ဒေသခံတွေကို ဆေးကုသတဲ့အပိုင်းကိုတာဝန်ယူလုပ်ကိုင်နေသူတယောက်ပါ။

အခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့မှာတော့ ရေဖြူမြို့နယ်၊ ဧကနိရွာတဝိုက်မှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေလိုမျိုးဝတ်ဆင်ထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ အနီးကပ်တွေ့ပြီး သေနတ်နဲ့ပစ်ခတ်ခံရလို့ ကျည်သုံးချက်ထိမှန်ခဲ့ပါတယ်။

သေနတ်ဒဏ်ရာနဲ့ သူဘယ်လိုထွက်ပြေးလွတ်မြောက်လာတာလဲ၊ သူဘာတွေကြုံခဲ့ရလဲဆိုတာကို ဒီတပတ် တောင်ပိုင်းသားတို့အသံ ကဏ္ဍကနေ ဖော်ပြလိုက်ပါတယ်။

The Tanintharyi Times