ဟင်းချိုတောကျေးရွာက အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီး

ဟင်းချိုတောကျေးရွာက အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီး

လောင်းလုံးမြို့နယ် ၊ ဟင်းချိုတောကျေးရွာက လူငယ်အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်တွေကဒီနေ့မနက် ၇နာရီခွဲအချိန်ခန့်က အင်အားအလုံးအရင်းနဲ့လာရောက်ဖမ်းဆီးသွားတယ်လို့သိရပါတယ်။

အဖမ်းခံရသူဟာ အသက် ၃ဝ ကျော်အရွယ် ကိုဇင်ကိုဆိုသူဖြစ်ပြီး သာမာန်ရွာသားတစ်ဦးသာဖြစ်တယ်လို့သိရပါတယ်။

“သူတို့က အိမ်စီးကား၂စီးနဲ့လာတာ။ အိမ်ကိုအရင်ဝိုင်းလိုက်ပြီးမှ ဝင်ဖမ်းသွားတာပဲ။ အရပ်ဝတ်တွေချည်းပဲ စစ်ယူနီဖောင်းနဲ့ ၂ယောက်၃ယောက်ပဲပါတယ်” လို့ ရွာခံတစ်ဦးကပြောပါတယ်။

ကိုဇင်ကိုကို ဘာကြောင့်ဖမ်းဆီးခဲ့တယ်ဆိုတာနဲ့ ဖမ်းဆီးပြီးနောက် ဘယ်ကိုခေါ်သွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။