အပ္ပမာဒေန တော်လှန်ဒေထ

အပ္ပမာဒေန တော်လှန်ဒေထ

မမေ့နဲ့…

မလုပ်ရဲတာ ဘာမှ မရှိဘူးဆိုတဲ့ကောင်ကို

မ‌မေ့နဲ့ ။

မမေ့နဲ့…

ပြည်သူ့ အကျိုးစီးပွားကို စားပြီး

ပြည်သူ့လည်မြိုကို စစ်ဖိနပ်နဲ့ တက်နင်းတဲ့ကောင်တွေကို

မမေ့နဲ့…

ရူးနေတာ အာဏာဆိုတဲ့ အာဏာရူးတွေရဲ့

မခိုးမခန့်နဲ့ လုပ်ဇာတ်ခင်းနေတဲ့ ဇာတ်လမ်းတွေကို

မမေ့နဲ့…

တိုင်းပြည်ကို ဒင်းတို့ရဲ့ ပထွေးအမွေလို

ထင်တိုင်းကြဲ ဝါးမြိုနေတာကို

မမေ့နဲ့…

လူထု အကျိုးစီးပွားထက်

ဒင်းတို့ရဲ့ မိသားစု ဆွေ‌မျိုးတစု

ကြီးပွား ကောင်းစားရေးဆိုတဲ့ မူဝါဒနဲ့

အရိုးအရင်းပေးကျွေးပြီး ကိုက်ခိုင်းထားတဲ့ ခွေးတွေကို

မမေ့နဲ့ ။

မမေ့နဲ့…

ပြည်သူကို စစ်ပစ်ကွင်းလို သတ်မှတ်

ရက်ရက်စက်စက် အကြမ်းဖက်ပြီး

ပစ်ခတ် သတ်​ဖြတ်ခဲ့တာကို

မမေ့နဲ့ ။

မမေ့နဲ့…

မီးလောင်တိုက်သွင်းခံခဲ့ရတဲ့ ဘဝတွေနဲ့

ဘာသာရေး အဆောက်အအုံတွေကို

ဖျက်လိုဖျက်ဆီး လက်နက်ကြီးနဲ့ ပစ်ချခဲ့တာတွေကို

မမေ့နဲ့ ။

မမေ့နဲ့…

ယုံကြည်ကိုးကွယ်ရာ ဘာသာတရားကို အသုံးချပြီး

ဓါတ်လိုလို နတ်လိုလိုနဲ့ အခါတော်ပေး

အာဏာတည်မြဲရေး အဖျဉ်းဘုရားတွေ

ခေတ်ကို ပြောင်းချင်

ခေါင်းကို ပစ်ဆိုတဲ့ ပါဏာတိပါတာ မိစ္ဆာဘုရားတွေ

ဗုဒ္ဓကိုတောင် ငြူစူ ဝန်တိုတဲ့ သင်္ကန်းအရည်ခြုံဘုရားတုတွေကို

မမေ့နဲ့ ။

မမေ့နဲ့…

အာဏာရှင်ကို လိုလား

ဖေါ်လန်ဖားသမားတွေနဲ့

ဘာသာရေးတွေ လူမျိုးရေးတွေ မှိုင်းတိုက်

မဟုတ်မမှန်လုပ်ကြံ ဝါဒဖြန့်သူတွေကို

မမေ့နဲ့ ။

မမေ့နဲ့…

ကြွေးကြော်သံနဲ့ လေလည်သံ‌ မသဲကွဲတဲ့

အချောင်နေအချောင်စား နိုင်ငံရေးသမား

တဘို့ထဲကြည့်တဲ့ နွားလိုကောင်စားတွေနဲ့

ကိုယ့်လူ သူဘက်သားတွေကို

မမေ့နဲ့ ။

မမေ့နဲ့…

အခုလိုအချိန်မှာ

ငြိမ်းချမ်းရေးအကြောင်းပြပြီး

စေ့စပ်ညှိနှိုင်းရေးအကြောင်းပြောတဲ့ကောင်တွေနဲ့

လူလည် လူနပ်လုပ်ပြီး

ကိုယ်ကျိုးစီးပွား တည်ဆောက်နေတဲ့ ကောင်တွေကို

မမေ့နဲ့ ။

မမေ့နဲ့…

စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ လက်နက်နဲ့

လက်နက်ရဲ့ အရသာအပေါ် ဖောက်လွဲ‌ဖောက်ပြန် မာန်မာနနဲ့

ပြည်သူအပေါ်

အာဏာရှင်အပြုအမူမျိုး မပြုကျင့်ဖို့

မမေ့နဲ့ ။

မမေ့နဲ့…

နိုင်ငံတော်နဲ့

တိုင်းရင်းသားပေါင်းစုံ ပြည်သူတရပ်လုံးပါဝင်ရေး

ခွင့်တူညီမျှဝါဒဖြူစင်တဲ့ မြေပေါ်မှာ မားမားမတ်မတ်စိုက်ထူ

ဖက်ဒရယ် ဒီမိုကရေစီမူနဲ့

အောင်လံတလူလူလွှင့်မယ့်ခရီးမှာ

မမေ့မလျော့‌‌မပေါ့ဆတဲ့သတိနဲ့

မမေ့နဲ့ ။

နေချိုသွေး

The Tanintharyi Times