လောင်းလုံးမှာ စစ်ကောင်စီတပ်သားတွေထပ်မံရောက်ရှိနေပြီး ဖမ်းဆီးခံရသူတွေရှိနေ

လောင်းလုံးမှာ စစ်ကောင်စီတပ်သားတွေထပ်မံရောက်ရှိနေပြီး ဖမ်းဆီးခံရသူတွေရှိနေ

Photo - CJ (မြေသယ်ကားနဲ့ တိတ်တဆိတ်လိုက်လာတဲ့ စစ်ကောင်စီတပ်သားတွေ၊ ပုံဟောင်းဖြစ်ပါတယ်။)

လောင်းလုံးမြို့နယ်ထဲကို မနေ့ကနေ့လည်ပိုင်းကစပြီး စစ်ကောင်စီတပ်သားတွေ ထပ်မံဝင်ရောက်လာသလို ဖမ်းဆီးစစ်ဆေးတာတွေကိုလည်း လုပ်ဆောင်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မနေ့က နေ့လည် ၁နာရီလောက်မှာ ဒိုင်နာကားတစ်စီး၊ ဗီဂိုးကားတစ်စီး၊ မြေတင်ကားတစ်စီးတို့နဲ့ မင်းရပ်ကျေးရွာကိုအရင်ဆုံးရောက်ရှိလာပြီး ဒေသခံအချို့ကို ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

ညနေပိုင်းလောက်မှာတော့ ဖမ်းဆီးထားသူတွေကိုပြန်လွှတ်ပေးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ဝန်းကျင်လောက် လိုက်ပါလာတဲ့ ဒိုင်နာကားတစ်စီး လောင်းလုံးမြို့ပေါ်ကို ထပ်ရောက်လာခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

မနက် ၇နာရီခွဲဝန်းကျင်လောက်မှာတော့ လောင်းလုံးကနေ စမ်းလှမ်းကျေးရွာကို သွားတဲ့လမ်းပေါ်က အအေးခန်းစက်ရုံကို လောင်းလုံးရဲစခန်းကစစ်ကောင်စီတပ်သားတွေ၊ ရဲတွေ စုစုပေါင်း အင်အား ၄၀ ဝန်းကျင်က ဝင်ရောက်ရှာဖွေခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အနီးအနားမှာနေထိုင်တဲ့​ဒေသခံအမျိုးသားတစ်ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူ ဘယ်သူ၊ ဘယ်ဝါဖြစ််တယ်ဆိုတာနဲ့ ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီတပ်သားတွေဟာ လောင်းလုံးမြို့နယ်ထဲကို မကြာခဏဆိုသလို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ပြီး အကြမ်းဖက်သတ်ဖြတ်တာနဲ့ ဖမ်းဆီးတာတွေကို ပြုလုပ်နေတာဖြစ်ပါတယ်။

လက်ရှိမှာတော့ အဲ့ဒီစစ်ကောင်စီတပ်သားတွေဟာ လောင်းလုံးရဲစခန်းမှာရှိနေတယ်လို့ သိရပါတယ်။

The Tanintharyi Times