တိမ်းရှောင်နေရတဲ့ တနင်္သာရီတိုင်း NLD ဝန်ကြီး ကွယ်လွန်

တိမ်းရှောင်နေရတဲ့ တနင်္သာရီတိုင်း NLD ဝန်ကြီး ကွယ်လွန်

ဓာတ်ပုံ - Dr Htoo Nay Aung Facebook

စစ်တပ်ဏာဏာသိမ်းတဲ့အချိန်ကစပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ NLD အစိုးရရဲ့ တနင်္သာရီတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းဟာ ထိုင်းနိုင်ငံမှာ ဒီနေ့ကွယ်လွန်သွားခဲ့ပါတယ်။

အသက် ၆၈ နှစ်ဝန်းကျင်အရွယ်ဦးမြင့်စန်းဟာ ထိုင်းနိုင်ငံတစ်နေရာမှာ ဒီနေ့နေ့လယ်ပိုင်းက ကင်ဆာ ရောဂါကြောင့်ကွယ်လွန်သွားခဲ့တယ်လို့ NLD ပါတီဝင်အသိုင်းအဝိုင်းကနေသိရပါတယ်။

ဦးမြင့်စန်းဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ လောင်းလုံးမြို့နယ်မဲဆန္ဒနယ်အမှတ် ၂ မှာအနိုင်ရခဲ့ပြီး တနင်္သာရီတိုင်းအစိုးရအဖွဲ့မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာလည်း တိုင်းဒေသကြီးလွှတ်တော် လောင်းလုံးမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ကနေ အနိုင်ရခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ လောင်းလုံးမြို့နယ်၊ မင်းရပ်ကျေးရွာမှာရှိတဲ့ ဦးမြင့်စန်းရဲ့နေအိမ်ကို စစ်ကောင်စီကချိတ်ပိတ်ခဲ့ပါတယ်။

The Tanintharyi Times