စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်လို့ ကော့ကရိတ်မြို့နယ်က အရပ်သား၁ဦး ထိခိုက်ဒဏ်ရာရ

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်လို့ ကော့ကရိတ်မြို့နယ်က အရပ်သား၁ဦး ထိခိုက်ဒဏ်ရာရ

ဓါတ်ပုံ - စစ်တပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်စထိမှန် ဒါဏ်ရာရသူ အရပ်သား/KNU

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ဒေသခံ အရပ်သား ပြည်သူ ၁ဦး ထိခိုက်ဒါဏ်ရရရှိခဲ့ပြီး လူနေအိမ်၁လုံး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ရက်နေ့ မွန်းလွဲပိုင်းက ကော့ကရိတ်မြို့ အခြေစိုက် စစ်ကောင်စီ လှိုင်ဝအမြှောက်တပ် အမတ-၃၁၃က ကော့ကရိတ်မြို့ ပတ်ဝန်းကျင်ကို ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့ကာ ကော့ကရိတ်မြို့နယ် ကျောက်စရစ်ကုန်း၊ ဆင်ကုန်းနဲ့ တတန်ကူးကျေးရွာတွေဆီ လက်နက်ကြီးကျည် ၈လုံးခန့် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

အခုလို စစ်တပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ တတန်ကူးကျေးရွာနေ အသက် ၅၃ နှစ်အရွယ် ဒေသခံတဦး ညာဘက်ပေါင်ရင်း ကျည်စ ထိမှန် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံ ပို့ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တတန်ကူး ကျေးရွာက လူနေအိမ်၁လုံး ထိမှန် ပျက်စီးခဲ့ပြီး အိမ်မွေး တိရစ္ဆာန် နွားသိုး ၂ကောင်သည် ကျည်စ ထိမှန် ဒဏ်ရာ ရရှိခဲ့တယ်လို့ KNUက ဆိုပါတယ်။

Connect Burma

The Tanintharyi Times