ဖွေ့ထိုင်းပါတီ ခေါင်းဆောင် ပေထုံတန် ရှင်နာဝပ် ဝန်ကြီးချုပ်ဖြစ်လာ
ဖွေ့ထိုင်းပါတီ ခေါင်းဆောင် ပေထုံတန် ရှင်နာဝပ် ဝန်ကြီးချုပ်ဖြစ်လာ
ထိုင်းဝန်ကြီးချုပ်သစ်အဖြစ် ဖွေ့ထိုင်းပါတီ ခေါင်းဆောင် ပေထုံတန် ရှင်နာဝပ် ကို ရွေးချယ်တင်မြောက်လိုက်ကြောင်း ထိုင်းသတင်းတွေမှာဖော်ပြထားပါဝာယ်။
ဖွေ့ထိုင်းပါတီ တင်မြောက်ထားတဲ့ ဝန်ကြီးချုပ်ဟောင်း ဆေထာထဝီဆင် ကို ဩဂုတ်လ ၁၄ ရက်မှာထိုင်းအခြေခံ ဥပဒေ တရားရုံးက ရာထူးကရပ်နားဖို့အမိန့်ချခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ဒီနေ့ (ဩဂုတ် ၁၆) မှာ ထိုင်းပါလီမန် လွှတ်တော်က ဝန်ကြီးချုပ်အဖြစ် မဲပေးရွေးချယ်ရာမှာ
ဝန်ကြီးဟောင်းသက်ဆင်ရဲ့ သမီးဖြစ်သူ ပေထုံတန်ရှင်နာဝပ်ဟာ ၃၁ ဦးမြောက်ထိုင်းဝန်ကြီးချုပ်ဖြစ်လာပါတယ်။
အသက် ၃၇ နှစ်အရွယ် ပေထုံတန်ဟာ ဝန်ကြီးချုပ်ဟောင်းတွေ ဖြစ်ကြတဲ့ ဖခင်ဖြစ်သူ သက်ဆင်နဲ့ အဒေါ်ဖြစ်သူ ယင်လပ်တို့ပြီးရင် တတိယ မြောက် ဝန်ကြီးချုပ်ဖြစ်လာတဲ့ ရှင်နာဝပ် မိသားစုဝင်ဖြစ်ပါတယ်။
လွတ်တော်ထဲမှာ ပေထုံတန် ဟာ ဆထာက်ခံမဲ ၃၁၉ မဲ ၊ကန့်ကွက်မဲ ၁၄၅ မဲနဲ့ ကြားနေမဲ ၂၇ မဲ ရရှိပြီး ဝန်ကြီးချုပ်ဖြစ်လာဝာာပါ။ထိုင်းလွတ်တော်အမတ်တွေဟာ လတ်တလော ရှုပ်ထွေးနေတဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် သူမတစ်ဦးကို ဝန်ကြီးချုပ်ရွေးချယ်ပွဲမဲပေးခဲ့ရဝာာဖြစ်တယ်လို့ ထိုင်း သတင်းဌာနတွေ ကဖော်ပြထားပါတယ်။
Ref – ဘန်ကောက်ပို့စ်၊ Khaosod English
( ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times
