စစ်ကောင်စီတပ်သားတွေ အင်အားအလုံးအရင်းနဲ့ ကလုံးထာရွာထဲကို ဝင်ရောက်တပ်စွဲထား

စစ်ကောင်စီတပ်သားတွေ အင်အားအလုံးအရင်းနဲ့ ကလုံးထာရွာထဲကို ဝင်ရောက်တပ်စွဲထား

စစ်ကောင်စီတပ်သားတွေ ရေဖြူမြို့နယ်ရှိ ကလုံးထာရွာထဲကို ဒီနေ့ညနေပိုင်းမှာ ရောက်ရှိနေပြီး အင်အားအလုံးအရင်းနဲ့ တပ်စွဲထားတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။

အင်အား ၈၀ ဝန်းကျင်လောက်ရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ လွန်ခဲ့တဲ့နှစ်ရက်ကတည်းက ကလုံးထာရွာအပြင်ကိုရောက်နေတာဖြစ်ပြီး ဒီကနေ့မနက်မှာတော့ ကားသုံးစီးနဲ့ထပ်မံအင်အား ဖြည့်တင်းတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ညနေ ၄ နာရီအချိန်လောက်မှာ ရွာထဲကိုဝင်ရောက်လာပြီး စာသင်ကျောင်းမှာတပ်စွဲထားတယ်လို့သိရပါတယ်။

“အင်အားဘယ်လောက်ရှိတယ်ဆိုတာမသိရသေးဘူး။ တစ်ရာကျော်လောက်ရှိမယ်လို့တော့ ခန့်မှန်းရတယ်။ ရွာသားတွေတော့ မိုးထဲလေထဲပြေးနေရပြီ” လို့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။

ကလုံးထာရွာစာသင်ကျောင်းကနေလည်း သေနတ်အတွဲလိုက်ပစ်ခတ်သံတွေကိုကြားရပြီး ဘယ်သူ့ကိုပစ်ခတ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ကလုံးထာရွာအနီးကို စစ်ကောင်စီတပ်သားတွေဝင်ရောက်လာခဲ့တဲ့ သြဂုတ်လ ၁၄ရက်နေ့ ကလည်း လက်နက်ကြီးနဲ့ အချက်ရေအများအပြားကို ပစ်ခတ်ခဲ့ပါတယ်။

The Tanintharyi Times