မဲ အရိပ်မည်း

မဲ အရိပ်မည်း

ဟိုဘက်ဆီက ရွာတစ်ရွာမှာ တစ်နေ့ကပဲ မဲနှိုက်ကြသတဲ့။ သူတို့ရွာက ရွာသေးလို့ တစ်ရွာလုံးမှ နှစ်ယောက်ပဲ မဲကျသတဲ့။ မဲကျတဲ့သူတစ်ယောက်ဟာ ခင်ဗျားတို့လိုပဲ လင်တစ်ကိုယ်၊ မယားတစ်ခု နှစ်ယောက်တစ်ဘဝ။ လင်မယားနှစ်ယောက်မယ် ငိုလိုက်ကြတာဆိုပဲ။ ခင်ဗျားကိုယ်တိုင်လည်း ငိုချင်ချင် ဖြစ်ရပြန်တယ်။

မဲပေါက်လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေကြတဲ့ သတင်းတွေကိုလည်း ခင်ဗျားကြားရတယ်။ ဧကန္တ ဒီလူတွေရဲ့လက်အောက်မှာ စစ်မှုထမ်းရတာ သေခြင်းတရားထက် ပိုပြီး ကြောက်ဖို့ကောင်းနေပုံပဲ။

The Tanintharyi Times