လောင်းလုံးမြို့ပေါ်မှာ အင်အားအလုံးအရင်းနဲ့ရှာဖွေဖမ်းဆီးတာတွေပြုလုပ်နေတဲ့ကြားက ဆက်လက်ဆန္ဒပြနေ
လောင်းလုံးမြို့ပေါ်မှာ အင်အားအလုံးအရင်းနဲ့ရှာဖွေဖမ်းဆီးတာတွေပြုလုပ်နေတဲ့ကြားက ဆက်လက်ဆန္ဒပြနေ
ရုပ်သံ - ထားဝယ်ခရိုင်သပိတ်ကော်မတီ
လောင်းလုံးမြို့နယ်မှာ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီကနေဦးဆောင်ပြီး “ငါတို့အားလုံးအကျဉ်းသား အာဏာရှင်ရင်ဝကိုထိုးစိုက်မဲ့ သံမဏိဓား” ခေါင်းစဥ်နဲ့ ဒီနေ့ညနေပိုင်းမှာ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။
အခုလက်ရှိအချိန်မှာ လောင်းလုံးမြို့အတွင်းမှာ စစ်ကောင်စီတပ်သား အင်အား ၁၅၀ ခန့်ရောက်ရှိနေပြီး ရှာဖွေဖမ်းဆီးတာတွေကို ပြုလုပ်နေပါတယ်။
CDM ဝန်ထမ်းတွေအပါအဝင် ပြည်သူ (၅)ဦးထက်မနည်းကိုလည်းဖမ်းဆီးထားပါတယ်။
အဲဒီစစ်ကောင်စီတပ်သားတွေဟာ ဆက်လက်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ တော်လှန်ရေးရဲဘော်တွေကို အပူတပြင်းရှာဖွေ ဖမ်းဆီးရန်ကြိုးစားနေတယ်လို့လည်းသိရပါတယ်။
The Tanintharyi Times