သရက်ချောင်းက ပြည်သူ့ကာကွယ်ရေးတပ်သားတွေဆိုပြီး ဓာတ်ပုံအချို့ကို စစ်ကောင်စီလော်ဘီတွေဖော်ပြ
သရက်ချောင်းက ပြည်သူ့ကာကွယ်ရေးတပ်သားတွေဆိုပြီး ဓာတ်ပုံအချို့ကို စစ်ကောင်စီလော်ဘီတွေဖော်ပြ
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ဝင်းကဖော်ကျေးရွာမှာ ဖမ်းဆီးခံရမိတဲ့ အမျိုးသား ၄ ဦးရဲ့ဓာတ်ပုံကို စစ်ကောင်စီလော်ဘီချန်နယ်က လက်နက်တွေနဲ့တကွ ယှဥ်တွဲထုတ်ပြန်လာပါတယ်။
ဖမ်းဆီးခံရသူတွေက ကိုစိုးဝင်း၊ ကိုထွန်းကြည်စိုး၊ ကိုသန့်ဇင်၊ ကိုကျော်ထိုက် တို့ ဖြစ်တယ်လို့ Chindwin News Agency က ဖော်ပြထားပါတယ်။
သူတို့လေးယောက်ကို ပစ္စတိုသေနတ် ၃ လက်၊ ကျည် ၄၈ တောင့်၊ လက်ကိုင်ဖုန်း ၂ လုံးတို့နဲ့ အတူဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီလော်ဘီချန်နယ်တွေက ဖော်ပြထားပါတယ်။
စစ်ကောင်စီဘက်ကတော့ ဖမ်းဆီးခံရသူတွေဟာပြည်သူ့ကာကွယ်ရေးတပ်သားတွေဖြစ်တယ်လို့ ဆိုထားပေမယ့် ထားဝယ်ခရိုင်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ အဲဒါနဲ့ပတ်သက်ပြီး ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။
စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်တွေရဲ့ ဖော်ပြချက်အရ စစ်ကောင်စီတပ်သားတွေ ကင်းပုန်းဝပ်နေချိန် တွေ့တာကြောင့်ဖမ်းဆီးလိုက်တာလို့ ရေးသားထားပါတယ်။

The Tanintharyi Times
