ထားဝယ်-ထီးခီးလမ်းမှာ စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရ၊ စကစတပ်သား ၁၀ ဦးကျော်သေနိုင်တယ်လို့ဆို

ထားဝယ်-ထီးခီးလမ်းမှာ စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရ၊ စကစတပ်သား ၁၀ ဦးကျော်သေနိုင်တယ်လို့ဆို

စစ်ကောင်စီယာဉ်တန်းတွေမကြာခဏတိုက်ခိုက်ခံနေရတဲ့ ထားဝယ်-ထီးခီးလမ်းမှာ မနေ့ကလည်း စစ်ကား ၁၀ စီးဝန်းကျင်ပါတဲ့ ယာဥ်တန်းတစ်ခု ပစ်ခတ် တိုက်ခိုက် ခံခဲ့ရပါတယ်။

အောက်တိုဘာလ ၁၄ ရက် ညနေပိုင်းက ထားဝယ်မြို့နယ်၊ သင်္ကန်းတုံးရွာနဲ့ ဝကုန်းရွာအကြားမှာ အင်အား တစ်ရာဝန်းကျင်ပါတဲ့ စစ်ကောင်စီယာဥ်တန်းနဲ့ ခြေလျင်စစ်ကြောင်း ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြတာပါ။

“မွန်းတည့်နှစ်နာရီလောက်မှ ကျနော်တို့ဘက်ကစပစ်တာ။ သူတို့ဘက်ကတော့ ပစ်နေတာတော့ကြာပြီ။ ဒရုန်းနဲ့လည်း ပစ်တယ်။ ပစ်တာကတော့ ညရောက်ခါနီးအထိပဲ” လို့ မြေပြင်မှာရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပြပါတယ်။

အဲဒီပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ဆယ်ဦးကျော်ထိခိုက် သေဆုံးနိုင်ပြီး အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ပစ်ခတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ အချက်ပေါင်းများစွာပစ်ခတ်ခဲ့ပြီး ဒီနေ့မနက်ပိုင်း ဝကုန်းရွာကနေ ကျောက်မဲတောင်ရွာဘက်ထွက်ခွာသွားချိန်မှာလည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးထွက်ခွာသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ထားဝယ်မြို့အရှေ့ဘက်ခြမ်းမှာရှိတဲ့ အခြေစိုက်စခန်းတွေကို လက်နက်ရိက္ခာပုံမှန်ပို့ဆောင်လေ့ရှိပြီး ရိက္ခာပို့လာတဲ့အချိန်တိုင်းလမ်းမှာကြားဖြတ်တိုက်ခိုက်ခံရလေ့ ရှိပါတယ်။

The Tanintharyi Times