ပုလောမှာ ကျဆုံးခဲ့တဲ့ PDF ရဲဘော်ဝမ်ချိုင်းဟာ ပြည်သူတွေရဲ့နေအိမ်တွေမီးရှို့နေတဲ့ စစ်တပ်ကို သွားရောက်ပစ်ခတ်ချိန်မှာ လည်ပင်းကျည်ထိမှန်ခဲ့
ပုလောမှာ ကျဆုံးခဲ့တဲ့ PDF ရဲဘော်ဝမ်ချိုင်းဟာ ပြည်သူတွေရဲ့နေအိမ်တွေမီးရှို့နေတဲ့ စစ်တပ်ကို သွားရောက်ပစ်ခတ်ချိန်မှာ လည်ပင်းကျည်ထိမှန်ခဲ့
ပုလောမြို့နယ် ၊ ကျောင်းနိမ့်ရွာမှာ ဇွန်လ ၁၃ရက်နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း အသက် ၁၉နှစ်အရွယ် ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦး ကျဆုံးခဲ့တယ်လို့ ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံကနေသိရပါတယ်။
ကျဆုံးခဲ့သူဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော)ရဲ့ တပ်သားရဲဘော် ဝမ်ချိုင်းဖြစ်တယ်လို့သိရပါတယ်။
“ပြည်သူ့အိမ်တွေကိုစစ်သားတွေ မီးရှို့နေတာကို ကျနော်တို့မြင်လိုက်တယ်။ အဲဒါကြောင့် ကျနော်တို့ တက်ပြီးပစ်တာပါ။ သူနဲ့ကျနော်တို့နဲ့အတူတူတက်ပစ်တာပဲ။ သူကလည်ပင်းကိုမှကျည်မှန်သွားတာဗျာ ” လို့ပုလောPDFရဲ့တာဝန်ရှိသူ ကပြောပါတယ်။
ပုလောမြို့နယ်သားတစ်ယောက်ဖြစ်တဲ့ ရဲဘော်ဝမ်ချိုင်းဟာ အားလုံးနဲ့ခင်ခင်မင်မင်ရှိပြီး ပျော်ပျော်နေတတ်သူတစ်ယောက်ဖြစ်တယ်လို့လည်းသိရပါတယ်။
” လည်ပင်းထိတာဆိုတော့ နေရာမှာပဲကျဆုံးသွားတာပါ။ သူ့ကိုပြန်ဆွဲထုတ်ဖို့တောင် မနည်းခံပစ်ခဲ့ရတယ်။ လက်နက်ချင်းက အရမ်းကွာတာကိုး ” လို့သူကဆက်ပြောပါတယ်။
ကျဆုံးရဲဘော် ဝမ်ချိုင်းကို ကျဆုံးတဲ့နေ့မှာပဲ အမိန့်ပြန်တမ်းနာခံစေပြီး မြေမြုပ်သင်္ဂြိုဟ် လိုက်တယ်လို့ တာဝန်ရှိသူကပြောပါတယ်။
အဲဒီနေ့က တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၈ဦးခန့်ကျဆုံးခဲ့ပြီး ပြည့်သူ့ကာကွယ်ရေးတပ်တွေဘက်က ၁ဦးကျဆုံး၊ ၂ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ပုလောမြို့နယ်မှာ လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး ကျောင်းနိမ့်၊ဆားခဲ ၊ပိန္နဲတောင် ၊မိချောင်းသိုက် စတဲ့ရွာတွေအပါအဝင် ကျေးရွာတော်တော်များများကပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရပါတယ်။
The Tanintharyi Times
