မြန်မာ အပါအဝင် ၄၁ နိုင်ငံကို ဒေါ်နယ်ထရမ့်အစိုးရ ဗီဇာပိတ်မယ်
မြန်မာ အပါအဝင် ၄၁ နိုင်ငံကို ဒေါ်နယ်ထရမ့်အစိုးရ ဗီဇာပိတ်မယ်
ဒေါ်နယ် ထရမ့်အစိုးရဟာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း သုံးဒါဇင်ကျော်ကို ပြည်ဝင်ခွင့်ဗီဇာပိတ်ပင် အစီစဉ်တစ်ရပ်ရေးဆွဲနေပြီ ဖြစ်တယ်လို့ ရိုက်တာ သတင်းမှာဖော်ပြပါတယ်။
ထရမ့် အစိုးရ ဟာ မြန်မာ၊ပါကစ္စတန်၊ လာအို နဲ့ အာဖရိက နိုင်ငံအများအပြားပါဝင်တဲ့ နိုင်ငံပေါင်း ၄၁ နိုင်ငံ ကို ဗီဇာပိတ်ပင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
အဲ့ဒီကိစ္စ နဲ့ နီးစပ်တဲ့ ရိုက်တာသတင်းအမြစ်တစ်ဦးရဲ့ ပြောပြချက်အရ နိုင်ငံပေါင်း ၄၁ နိုင်ငံကို အုပ်စုသုံးစုခွဲ စာရင်းပြုစုထားတယ်လို့ ဖော်ပြထားပါတယ်။
အာဖဂန်နစ္စတန်၊ အီရန်၊ ဆီးရီးယား၊ ကျူးဘားနဲ့ မြောက်ကိုရီယားတို့အပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံကို မေရိကန်ပြည်ဝင်ခွင့် ဗီဇာထုတ်ပေးဖို့ အပြည့်အဝ ဆိုင်းငံ့ထားမှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအုပ်စုထဲ မှာ ဘူတန် နိုင်ငံလည်းပါဝင်နေပါတယ်။
ဒုတိယအုပ်စုမှာ မြန်မာ၊ လာအို ၊ ပါကစ္စတန် ၊ရုရှား ၊ အီရီထရီးယား၊ ဟေတီ၊ တောင်ဆူဒန် တို့ပါဝင်နေတာဖြစ်ပြီး ခရီးသွားဗီဇာ နဲ့ ပညာရေးဗီဇာ တွေကိုပိတ်ပင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ငွေကြေးချမ်းသာသူတွေ အတွက်ထုတ်ပေးမယ့် ဗီဇာကိုတော့ အဲဒီနိုင်ငံတွေကိုလျှောက်ထားခွင့်ပြုမယ်လို့ ဆိုပါတယ်။
တတိယအုပ်စုမှာ ဘီလာရုစ်၊ ပါကစ္စတန်နဲ့ တာ့ခ်မင်နစ္စတန်တို့ နဲ့ အာဖရိက နိုင်ငံအများအပြားပါဝင်နေပြီး က် ၆၀ အတွင်း ဗီဇာဆိုင်ရာ ပြဿနာများကို မဖြေရှင်းပေးပါက အမေရိကန်ဗီဇာထုတ်ပေးမှုကို ရပ်တန့် သွားမယ်လို့ ဆိုပါတယ်။
အမည်မဖော်လိုတဲ့ အမေရိကန်လူဝင်မှုကြီးကြပ်ရေး အရာရှိတစ်ဦးကအဲ့ဒီစာရင်းဟာအပြောင်းအလဲဖြစ်နိုင်ပြီး နိုင်ငံခြားရေး ၀န်ကြီး Marco Rubio အပါအဝင် အစိုးရအဖွဲ့ဝင်တချို့ က အတည်အပြုရသေးဘူးလို့ ပြောပါတယ်။
ရိုက်တာ အနေနဲ့ အဲ့ဒီကိစ္စ နဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကို မှတ်ချက်ပေးဖို့တောင်းဆိုခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိဘူးလို့ဆိုပါတယ်။
(ယခုဘာသာပြန်သတင်းကို The Tanintharyi Times နဲ့ Connect Burma သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times
