ပုလောတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းသေဆုံး

ပုလောတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းသေဆုံး

ဓာတ်ပုံ - ပုလောတိုက်ပွဲမှာသေဆုံးတဲ့စစ်ကောင်စီတပ်သား(ပုံဟောင်း)

ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာက တိုက်ပွဲမှာစစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ပုလောPDFက ထုတ်ပြန်ထားပါတယ်။

ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်တပ်ပေါင်းစုတို့မှ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပဝတ်ကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မနေ့က မနက်၄ နာရီကျော်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း KNU တပ်မဟာ ၄ က တပ်ရင်း ၇ ၊တပ်ခွဲ၂က ဗိုလ်ဖအေး၊ ပုလောPDFတပ်ခွဲမှုးကိုစော်ဘွားနဲ့ KNDO ရဲဘော်တစ်ဦးတို့ သေဆုံးခဲ့ပါတယ်။

တိုက်ပွဲအတွင်းနဲ့ တိုက်ပွဲဖြစ်ပြီးချိန်တွေမှာ စစ်ကောင်စီဘက်က လက်နက်ကြီးအလွန်အကျွံအသုံးပြုပစ်ခတ်တာတွေကို ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ပုလောမြို့ခံတွေပြောပြချက်အရတော့ မနေ့ကည ၁၀နာရီဝန်းကျင်အချိန်အထိ လက်နက်ကြီးပစ်သံတွေကြားနေရသေးတယ်လို့ သိရပြီး အဲဒီရဲ့နောက်ဆက်တွဲအခြေအနေကိုတော့ မသိရသေးပါဘူး။

The Tanintharyi Times