တနင်္သာရီတိုင်းကို လေကြောင်းနဲ့ ပထမဆုံးအကြိမ် တိုက်ခိုက်၊ ထားဝယ်စီမံကိန်းရှိရာ နဘုလယ်ဒေသကို ဗုံးကြဲ
တနင်္သာရီတိုင်းကို လေကြောင်းနဲ့ ပထမဆုံးအကြိမ် တိုက်ခိုက်၊ ထားဝယ်စီမံကိန်းရှိရာ နဘုလယ်ဒေသကို ဗုံးကြဲ
ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းတည်ရှိရာ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသတဝိုက်ကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်နေတယ်လို့ ဒေသခံတွေကအတည်ပြုပြောဆိုပါတယ်။
အခုမနက် ၉ နာရီမထိုးခင်လောက်မှာ လာရောက်ဗုံးကြဲခဲ့တာလို့ဆိုပါတယ်။
“အတည်ပြုလို့ရပါတယ်။ လေယာဥ်နဲ့ဗုံးကြဲတာပါ။ငါးလုံး၊ ခြောက်လုံးလောက်ကြဲသွားတယ်လို့ခန့်မှန်းရတယ်။ ဘာတွေထိခိုက်ပျက်စီးသွားလဲမသိသေးဘူး” လို့ မြေပြင်မှာရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
တနင်္သာရီတိုင်းမ်သတင်းဌာနက နဘုလယ် ဒေသခံတစ်ဦးကိုဖုန်းနဲ့ဆက်သွယ်မေးမြန်းချိန်မှာလည်း ဖုန်းထဲကနေ ပေါက်ကွဲသံတွေဆက်တိုက်ကြားရပါတယ်။
အခုလေကြောင်းတိုက်ခိုက်မှုဟာ တနင်္သာရီတိုင်းအတွင်း ပထမဆုံးလေကြောင်းတိုက်ခိုက်မှုဖြစ်ပါတယ်။
အခုဗုံးကြဲမှုဟာ စစ်ကောင်စီနဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက်ဖြစ်ပွားခဲ့တာလို့သိရပေမယ့် တိုက်ပွဲအခြေအနေအသေးစိတ်ကိုလည်းမသိရသေးပါဘူး။
ဒီနေ့မနက် ၈ နာရီ ၁၀မိနစ်မှာ မြိတ်လေတပ်က ဂျက်ဖိုက်တာတစ်စီး မြောက်ဘက်ကိုဦးတည်ပြီးပျံသန်းခဲ့တယ်လို့ စစ်ကောင်စီရဲ့ လေယာဥ်တွေကိုစောင့်ကြည့်နေတဲ့ Enemy Air Route Channel က ဖော်ပြထားပါတယ်။
The Tanintharyi Times
