တာချီလိတ်က တဆင့် ဂျပန်ပို့ပေးမယ်လို့ဆိုကာ လူငယ်အများအပြားဆီက ငွေကျပ်သိန်းသောင်းချီလိမ်လည်
တာချီလိတ်က တဆင့် ဂျပန်ပို့ပေးမယ်လို့ဆိုကာ လူငယ်အများအပြားဆီက ငွေကျပ်သိန်းသောင်းချီလိမ်လည်
ဂျပန်မှာ လုပ်လုပ်ကိုင်ဖို့ ချီလိတ်က တဆင့်ပို့ဆောင်ပေးမယ်လို့ဆိုပြီး ပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခုက လူငယ်တွေဆီကနေ ငွေကျပ်သိန်းသောင်းချီ လိမ်လည်သွားတယ်လို့ နစ်နာသူတွေနဲ့ နီးစပ်တဲ့သူတွေက Connect Burma ကိုပြောပါတယ်။
ပြည်ပအလုပ်ကိုင်ရှာဖွေရေး အေဂျင်စီအမည်ခံထားတဲ့ ဆုလာဘ်မြင့်မိုရ် ကုမ္ပဏီဟာ ဂျပန်နိုင်ငံကို အရောက်ပို့ပေးမယ်ဆိုပြီး စည်းရုံးပြီး ဂျပန်ကိုသွားဖို့ပြင်ဆင်နေတဲ့ လူငယ် ၇၀၀ ကျော် ဆီကနေ လိမ်လည်သွားတာဖြစ်တယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းလုပ်ကိုင်သူ အသိုင်းအဝိုင်းထံကသိရပါတယ်။
ဆုလာဘ်မြင့်မိုရ်အေဂျင်စီ ဟာ တာချီလိတ်လမ်းကြောင်းကနေတဆင့် ဂျပန်ပို့ပေးမယ်လို့ ဆိုကာ လူတစ်ဦးကို ကျပ်သိန်း ၁၂၀ ကနေ ကျပ်သိန်း ၂၅၀ ဝန်းကျင်အထိ အလိမ်ခဲ့တယ်လို့ဆိုပါတယ်။
” ၅ လပိုင်းထဲကအင်တာဗျူးအောင်တယ်ဆိုပြီး နှစ်ပတ်ဘဲစောင့်လို့ရမယ် ငွေကို နှစ်ရစ်စာတခါထဲသွင်းပေး ရမယ်ဆိုပြီး လုပ်ခိုင်းတယ်။ ပြီးတော့ ၁၀ လပိုင်း ထဲမှာ Plan B နဲ့အပို့ခံရတယ်။ COE ကိုဟိုဘက်ရောက်မှ တင်မှာလို့ပြောဆိုပြီးအကုန်လုံးအပို့ခံရပြီးမှအဲ့ဒီလုပ်ငန်း ပိတ်သိမ်းကြောင်းကို အလုပ်သမားဝန်ကြီးဌာနကကြေညာတာ တွေ့ရတာ။ ဘန်ကောက်ကိုပို့ထားပြီး သိန်း၂၀၀ ကျော်ယူထားတာက လူ ၇၀၀ ခန့်ရှိနေတယ်။ တချို့ဆို ဆယ်လ ၁ နှစ် လောက် ဘန်ကောက်မှာ ကိုယ့်စားရိတ်နဲ့ကိုယ်စားပြီးနေနေရတာ။ ဒီကြားထဲဂျပန်ကိုတာချီလိတ်က ထွက်ဖို့ ပြင်ဆင်နေတဲ့ သူတွေထပ်ရှိသေးတယ်” လို့ လိမ်လည်ခံခဲ့ရသူနဲ့နီးစပ်သူတစ်ဦးက Connect Burma ကိုပြောပါတယ်။
တရားဥပဒေစိုးမိုးမှု အားနည်းတာကို အခွင့်ကောင်းယူကာ ကိုင်အခွင့်လမ်းတွေပေးမယ်ဆိုတဲ့ မက်လုံးတွေနဲ့ အယုံသွင်းပြီး အခုလို ငွေကြေးလိမ်လည်ခဲ့တာလို့လည်း သူကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကစစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာနက ကြေညာထားတဲ့ ပြည်ပအလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ ၃၆ ခု ကို စည်းကမ်း မလိုက်နာလို့ ဆိုပြီး ပိတ်သိမ်းခဲ့တာရှိသလို အဆိုပါ အေဂျင်စီဟာ ယခင်ထဲက ရာသက်ပန်ပိတ်သိမ်းစာရင်းဝင်ထားတဲ့ အေဂျင်စီလည်း ဖြစ်တယ်လို့သိရပါတယ်။
လူငယ်တွေ ပြည်ပထွက်ခွင့်ကို ပိတ်ပင်ထားတာကို အသုံးချပြီး အေဂျင်စီတချို့က နည်းလမ်းပေါင်းစုံနဲ့ လိမ်လည်မှုတွေလည်းရှိနေခဲ့တယ်လို့လည်းဆိုပါတယ်။
စစ်ကောင်စီ ဘက်က ပြည်ပအလုပ်သမား စေလွှတ်မှု အတွက် ကန့်သတ်ပိတ်ပင်တာတွေ ရှိနေတဲ့ အတွက် ပြည်ပကို တရားဝင် သွားရောက် ဖို့ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေ မှာ ဆုံးရှုံးနစ်နာမှု တွေ ရှိနေသလို တရားမဝင် သွားရောက်တာတွေ များလာတဲ့ အတွက် ပွဲစားတွေရဲ့ လိမ်လည်ခံရတာတွေဟာ ၂၀၂၂ နောက်ပိုင်းကစတင်ပြီးပိုမိုများပြားလာတယ်လို့ သိရပါတယ်။
Connect Burma
The Tanintharyi Times
