လောင်းလုံးမှာ ပျူစောထီးကားပစ်ခတ်ခံရမှုမှာ နှစ်ဦးသေဆုံးပြီး နှစ်ဦး အရေးပေါ်ရောက်
လောင်းလုံးမှာ ပျူစောထီးကားပစ်ခတ်ခံရမှုမှာ နှစ်ဦးသေဆုံးပြီး နှစ်ဦး အရေးပေါ်ရောက်
လောင်းလုံးမြို့နယ် အင်းဇောက်ရွာနဲ့ ပန္ဒလဲရွာကြားမှာ မနေ့က ပျူစောထီးကားတစ်စီး ပစ်ခတ်ခံရတာဟာ ထားဝယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ DDT တပ်ခွဲ(၃)က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အဆိုပါအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဖွဲ့ရဲ့ ထုတ်ပြန်စာမှာ ဖော်ပြထားချက်အရ မနေ့က နေ့လယ်ပိုင်း ပစ်ခတ်တိုက်ခိုက်ချိန်မှာ ကားထဲမှာ လိုက်ပါလာတဲ့ ပျူစောထီးခေါင်းဆောင် ငဇော်ရဲ့ အမျိုးသမီးဖြစ်သူ မညိုဝင်းနဲ့ တူဖြစ်သူ မောင်နိုင်လင်းအောင်တို့ နှစ်ဦးပွဲချင်းပြီးသေဆုံးကာ ကျန်နှစ်ဦးကို ထားဝယ်ဆေးရုံကြီး အရေးပေါ်ဌာနမှာ ကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
ပစ်ခတ်ခံရတဲ့လူတွေဟာ လက်နက်ကိုင်ဆောင်ထားတဲ့ ပျူစောထီးအဖွဲ့ဝင်တွေဖြစ်ပြီး ရပ်ကွက်ရှိ ပြည်သူတွေကိုလည်း အကြောင်းမဲ့ သတ်ဖြတ်၊ ဖမ်းဆီးပြီး ဓားပြ တိုက်နေကြတဲ့သူတွေဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
စစ်တပ်ကားနဲ့ ရဲကား တွေနောက်မှာ ပြည်သူတွေကို ကပ်မလိုက်ဖို့ အဖွဲ့က ထုတ်ပြန်စာထဲမှာ ထပ်ဆင့် သတိပေးထားပါသေးတယ်။
သေဆုံးသူ မညိုဝင်းရဲ့ ယောကျားဖြစ်သူ ပျူစောထီးခေါင်ဆောင် ငဇော်ကို ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က DDT တပ်ခွဲ(၃)၊ LLPDF နဲ့ နယ်မြေခံပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းပြီး ပစ်သတ်ခဲ့တာဖြစ်ပါတယ်။
The Tanintharyi Times
