ရေးမြို့နယ်က စစ်ကောင်စီသတင်းပေးဆိုသူ တစ်ဦး ပစ်သတ်ခံရ

ရေးမြို့နယ်က စစ်ကောင်စီသတင်းပေးဆိုသူ တစ်ဦး ပစ်သတ်ခံရ

ရေးမြို့နယ်က စစ်ကောင်စီသတင်းပေးဆိုသူ တစ်ဦးကို ရေးဘီလူးအဖွဲ့က ဒီကနေ့ နေ့လည် ၂ နာရီခွဲလောက်မှာ သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါပစ်သတ်ခံရသူဟာ အစင်ကျေးရွာမှာ နေထိုင်တဲ့ စစ်ကောင်စီသတင်းပေး ဦးမောင်မြင့်ရဲ့သား ဖိုးစီ ဖြစ်ပြီး ရေးမြို့၊ တူမြောင် ကျေးရွာအနီးမှာ ရှိတဲ့ လေယာဥ်ကွင်းအနီးမှာ ပစ်သတ်ခဲ့တာဖြစ်တယ်လို့ ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

” သူတို့အကုန်လုံးက စစ်တပ်မျိုးရိုးတွေ ရေးမြို့နဲ့ ပတ်သက်တဲ့ ကိစ္စမှန်သမျှကို စစ်ကောင်စီကို အနီးကပ်ဆုံး သတင်းပေးနေတဲ့သူ ဖြစ်တယ်။ ဒါကြောင့် အခုလို ရှင်းလင်းလိုက်ရတာ ဖြစ်တယ်။” လို့ အဖွဲ့ခေါင်းဆောင်က ဆက်ပြောပါတယ်။

သေဆုံးသူရဲ့ အဖေ ဦးမော်မြင့်ဟာ ပြီးခဲ့တဲ့နှစ် နွေရာသီက ရေးပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက ရှင်းလင်းခဲ့လို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အခုလ ၉ ရက်နေ့ကလည်း ရေးမြို့နယ်မှာရှိတဲ့ ခရိုင်တရားရုံးကို ရေးဘီလူးအဖွဲ့က ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

The Tanintharyi Times