မဲဆောက်မှာ ရဲကတ်ဆိုတာ

မဲဆောက်မှာ ရဲကတ်ဆိုတာ

တစ်ရက်သောညနေမှာ ကိုယ်နဲ့ခပ်လှမ်းလှမ်းက မြန်မာတွေ ရဲနဲ့တည့်တည့်တိုးပြီး အစစ်ခံရ။ ကြောက်အားလန့်အား အော်ဟစ်အပြေး ရဲဆိုင်ကယ်ကိုပါ သွားတိုက်မိပြီး လဲကျ။ နောက်တစ်ရက်မနက် ထမင်းဆိုင်ရှင်ပြောပြလို့ သိရတာက တစ်ယောက်ကိုဘတ်၅၀၀၀နဲ့ ၄ ယောက် ဘတ်၂သောင်းပေးလိုက်ရတယ်တဲ့။

“သူတို့က ဒီမှာအလုပ်လာလုပ်တာ ရောက်တာ ၂လလောက်ပဲ ရှိသေးတယ်။ ရဲကတ်လည်းလုပ်ထား တယ်။ ရဲစစ်တာ အတွေ့အကြုံမရှိတော့ ကြောက်ပြီး လုပ်မိလုပ်ရာလုပ်တာ။ ရဲဆိုင်ကယ်လဲကျတာ ဘာမှမဖြစ်ပေမဲ့ ဆိုင်ကယ်ပွန်းသွားတာရော ထွက်ပြေးတာရောကြောင့် ဆိုပြီး တစ်ယောက် ၅၀၀၀ ပေးလိုက်ရတာ”တဲ့။

မဲဆောက်ရောက်မြန်မာတွေရဲ့ဘဝက ရဲလက်ခုပ်ထဲက ရေ။

The Tanintharyi Times