မော်လမြိုင် - ထားဝယ်လမ်းမှာ ပူးပေါင်းတပ်ဖွဲ့တွေ နေ့စဉ် စစ်ဆေး
မော်လမြိုင် - ထားဝယ်လမ်းမှာ ပူးပေါင်းတပ်ဖွဲ့တွေ နေ့စဉ် စစ်ဆေး
မော်လမြိုင်-ရေး-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးမှာ KNLA, PDF ပူးပေါင်းတပ်ဖွဲ့တွေ လုံခြုံရေး စစ်ဆေးမှု ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်းက သတင်းထုတ်ပြန်ပါတယ်။
လမ်းတစ်လျှောက် ဖြတ်သန်းသွားလာနေကြတဲ့ မော်တော်ယာဉ်တွေ စစ်ဆေးခြင်းကို ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်ကစပြီး နေ့စဉ်ဆောင်ရွက်နေတာမှာ ဒီနေ့ ဇူလိုင် ၁၃ရက်မှာလည်း မနက်ပိုင်း စစ်ဆေးဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ခရီးသွားပြည်သူတွေဘက်ကလည်း အပြည့်အဝပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့လည်း ဖော်ပြပါတယ်။
ဒီလို စစ်ဆေးတာဟာ စစ်ကောင်စီ လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေဟာ အရပ်သားကားတွေ၊ ခရီးသည်တင်ကားတွေကို သုံးပြီး လက်နက်ခဲယမ်းသယ်တာ၊ စစ်အင်အားတိုးချဲ့တာလုပ်ဆောင်တာကြောင့် ဖြစ်ပါတယ်။
မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းမှာ သွားလာနေတဲ့ မော်တော်ယာဉ်တွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့လူတွေ၊ ပစ္စည်းတွေတင်ဆောင်တာမျိုးမပြုလုပ်ဖို့၊ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ယာဉ်တွေနဲ့ လိုက်ပါစီးနင်းတာမျိုးမပြုလုပ်ကြဖို့ ပူးပေါင်းတပ်က တားမြစ်ပါတယ်။
အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အသုံးပြုတဲ့ယာဉ်တွေအနေနဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေ စစ်ဆေးတဲ့အခါ ကြည်ဖြူစွာအစစ်ဆေးခံဖို့ ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်းက တိုက်တွန်းဖော်ပြထားပါတယ်။
The Tanintharyi Times
