ဘတ် သန်း ၃၀၀ လိမ်လည်ထားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုက အမျိုးသမီးကို ထိုင်းရဲဖမ်းဆီး

ဘတ် သန်း ၃၀၀ လိမ်လည်ထားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုက အမျိုးသမီးကို ထိုင်းရဲဖမ်းဆီး

ဘတ် သန်း ၃၀၀ ကျော် လိမ်လည်ထားတဲ့ အွန်လိုင်းငွေဂိုဏ်း တစ်ခုက အသက် ၅၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ထိုင်းရဲ တပ်ဖွဲ့ က တနင်္ဂနွေနေ့ မှာဖမ်းဆီးလိုက်ပါတယ်။

အဆိုပါ အမျိုးသမီးကို ဘန်ကောက်မြို့ တောင်ပိုင်း ရာဇဝတ် မှုဆိုင်ရာ တရားရုံး က ၂၀၂၁ ခုနှစ် မတ်လ ကတည်းကဖမ်းဝရမ်းထုတ် ပြန်ထားတာဖြစ်ပြီး ၃နှစ်ကျော်မှာ စီးပွားရေးရာဇဝတ်မှုနှိမ်နင်းရေးဌာန (ECD) က ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ထိုင်း သတင်းစာတွေ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသမီး အပါအဝင် လူလေးဦးပါဝင်တဲ့ အွန်လိုင်းငွေလိမ် ဂိုဏ်းဟာ ထိုင်းနိုင်ငံသား ၂၅၀ ထံက ဘတ် သန်း၃၀၀ နီးပါးလိမ်လည်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ အွန်လိုင်းငွေလိမ် ဂိုဏ်းဟာ လူမှုကွန်ရက် စာမျက်နှာတွေ ကတဆင့် နိုင်ငံခြားငွေကြေး လဲလှယ်ရေး (Foreign Exchange Market) မှာ ရင်းနှီးမြုပ်နှံမှု စည်းရုံးပြီး လိမ်လည်မှုတွေ ကျူးလွန်ခဲ့ကြတာဖြစ်ပါတယ်။

သူတို့တွေ ဟာ အာမခံချက်ရှိတဲ့ နိုင်ငံခြားငွေကြေး လဲလှယ်ရေး လုပ်ငန်းတွေ နဲ့ ချိတ်ဆက်ထားပြီး ရင်းနှီးမြုပ်နှံလိုသူတွေ အနေနဲ့ အမြတ်ငွေ အများအပြား ရရှိမယ်လို့ ဆိုကာ စည်းရုံးခဲ့ကြတာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူ အမျိူးသမီး နာမည်နဲ့ ဖွင့်လှစ်ထားတဲ့ ကုမ္ပဏီ ဟာ ထိုင်းနိုင်ငံသား ၂၅၀ ကျော်ထံ က ဘတ် နှစ်သောင်းကနေ ၆ သန်းအထိ ပမာဏရှိတဲ့ ငွေတွေ ကိုလိမ်လည်ခဲ့တာဖြစ်တယ်လို့ ECD အကြီးအကဲ ဗိုလ်မှူးကြီး ပူသီဒက် ဘွန်ခရာဖော ကပြောပါတယ်။

လိမ်လည်ခံလိုက်ရတဲ့သူတွေက ရဲတပ်ဖွဲ့ တိုင်ကြား ခဲ့ကြတာကြောင့် အဆိုပါ အမျိုးသမီးကို ၂၀၂၁ ခုနှစ်က ဖမ်းဝရမ်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

နိုင်ငံခြားငွေ လဲလှယ်ရေး (Foreign Exchange) လုပ်ငန်းတွေမှာ နည်မည်ရပြီးသား အကျိုးဆောင် ကုမ္ပဏီတွေ ဖြစ်တဲ့ IronFX နဲ့ FXPrimus မှာရင်းနှီးမြုပ်နှံခွင့်ရမယ်လို့ စည်းရုံး ပြီး ငွေတွေကိုလိမ်လည် ခဲ့ကြာတာဖြစ်ပါတယ်။

အဲ့ဒီငွေလိမ်ဂိုဏ်းဟာ ပထမ သုံးလအတွင်းမှာ တော့ ရင်းနှီးမြုပ်နှံမှုအတွက် အမြတ်ငွေ ပမာဏတစ်ခု ပြန်လည် ပို့ပေးခဲ့ပေမယ့် နောက်ပိုင်းမှာ တော့ ကုမ္ပဏီ ဖျက်သိမ်းကာ ခြေရာဖျောက်သွားခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့ ကဆိုပါတယ်။

အဲ့ဒီအမှုကို ကျူးလွန်ခဲ့တဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်း ထဲက အသက် ၅၁ နှစ်အရွယ် Kanokratch လို့ အမည် ရတဲ့ ထိုင်းအမျိုးသမီးတစ်ဦးကို ဖမ်းဆီးရမိထားပြီး ကြံရာပါ ထိုင်းအမျိုး သမီးတစ်ဦးနဲ့ မလေးရှား နိုင်ငံသား နှစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်နေတယ်လို့ သိရပါတယ်။

မလေးရှား နိုင်ငံသားနှစ်ဦးကတော့ ဝရမ်းထုတ်ပြီးချိန် ကတည်းက ထိုင်းနိုင်ငံမှာ မရှိတော့ဘဲထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရှိရပါတယ်။

အဖမ်းခံထားရတဲ့ အသက် ၅၁ နှစ်အရွယ် အမျိုးသမီးကတော့ အဆိုပါစွဲချက် အားလုံးကို ငြင်းဆို နေတယ်လို့လည်း ရဲမှူးချုပ် ပူသီဒက်က ပြောပါတယ်။

ကိုးကား – ဘန်ကောက်ပို့စ်

(ယခု ဘာသာပြန် သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်း တို့ ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times