ကျိုက်မရောမြို့နယ်က ချောင်းနှစ်ခွ ရဲစခန်းတိုက်ခိုက်ခံရမှုမှာ ဒုရဲမှူး အပါအဝင် ရဲ ၉ ဦး​ပျောက်ဆုံး​နေကြောင်း ရဲ​ကြေးနန်း​ဖော်ပြ

ကျိုက်မရောမြို့နယ်က ချောင်းနှစ်ခွ ရဲစခန်းတိုက်ခိုက်ခံရမှုမှာ ဒုရဲမှူး အပါအဝင် ရဲ ၉ ဦး​ပျောက်ဆုံး​နေကြောင်း ရဲ​ကြေးနန်း​ဖော်ပြ

Photo - ရဲကြေးနန်း (ခေတ်သစ်မီဒီယာ)

ချောင်းနှစ်ခွ ရဲစခန်း တိုက်ခိုက်ခံရမှုမှာ ဒုရဲမှူး လှကျော်ဦးအပါအဝင် ရဲ ၉ ဦး​ပျောက်ဆုံး​နေကြောင်း လျှို့ဝှက်ရဲ​ကြေးနန်း​နဲ့တကွ ခေတ်သစ်မီဒီယာက သတင်းဖော်ပြထားပါတယ်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ ရဲစခန်းကို KNLA နဲ့ PDF တပ်တွေက ဒီကနေ့ မနက် ၅ နာရီကျော်က တိုက်ခိုက်ခဲ့ရာမှာ ကြေးနန်းမှာ အဆက်အသွယ်ပြတ်တောက်ကြောင်း ဖော်ပြထားတဲ့ ဒုရဲမှူး လှကျော်ဦးအပါအဝင် ရဲတပ်သား ၂ ဦး သေဆုံးပြီး ရဲ ၄ ဦးကို M16 ၄ လက်၊ AK 47 ၁ လက်၊ ၆၀ မမ ၁ လက်၊ ခဲယမ်းတွေနဲ့ အတူ အရှင်ဖမ်းမိတယ်လို့ သိရပါတယ်။

ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ရဟတ်ယာဉ် ၂စီးနဲ့ ကျေးရွာထဲကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက် လူနေအိမ်တွေ ထိမှန်ပျက်စီးခဲ့တဲ့အပြင် ရွာသား ၂ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒေသခံတွေ စစ်ဘေးရှောင်ခဲ့ကြတာလို့ စစ်ရှောင်ကူညီသူတွေက သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်က ချောင်းနှစ်ခွတံတား၊ မွန်နဲ့ ကရင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ လမ်းမကြီးကိုလည်း သွားလာခွင့်ပိတ်လိုက်တယ်လို့ သိရပါတယ်။

The Tanintharyi Times