နဘုလယ်ဒေသက အမျိုးသားတစ်ဦးပစ်သတ်ခံရ

နဘုလယ်ဒေသက အမျိုးသားတစ်ဦးပစ်သတ်ခံရ

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသမှာ အမျိုးသားတစ်ဦး ဒီနေ့ နေ့လည်ပိုင်းက ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။

ပစ်သတ်ခံရသူဟာ နဘုလယ်ဒေသ ထိန်ကြီးကျေးရွာနေ အသက် ၃၂ နှစ်အရွယ် ကိုနေဇာမိုးဆိုသူဖြစ်တယ်လို့သိရပါတယ်။

သူဟာ နေ့လည် ၂နာရီဝန်းကျင် လောက်က ထိန်ကြီးကျေးရွာ နဲ့ပရဒတ်ကျေးရွာ ကြားကလမ်း​ပေါ်မှာ ပစ်သတ်ခံလိုက်ရတာဖြစ်တယ်လို့ ​ဒေသခံကဆိုပါတယ်။

“သူကအရင်ကနဘုလယ်မှာနာမည်ကြီးပျူစောထီးတွေနဲ့ရင်းနှီးတယ်။ သူတို့အိမ်တွေကိုအဝင်အထွက်အသွားအလာရှိတယ်။ မူးယစ်ဆေးဝါးရောင်းဝယ်တာတွေလည်းလုပ်တယ်” လို့ဒေသခံရွာသားတစ်ဦးကပြောပါတယ်။

အဲဒီပြောဆိုချက်အပေါ်မှာ တနင်္သာရီတိုင်းမ် သတင်းဌာန အနေနဲ့သီးခြားအတည်ပြုနိုင်တာမျိုးတော့မရှိသေးပါဘူး။

သူ့ကိုဘယ်အဖွဲ့ကဘာကြောင့်ပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။

အခုလက်ရှိမှာတော့ ကိုနေဇာမိုးရဲ့အလောင်းကို ပရဒတ်ကျေးရွာသင်္ချိုင်းမှာထားထားတယ်လို့ သိရပါတယ်။

The Tanintharyi Times